အပိုင်း (၁၁၁)
တတိယ ယှဉ်ပြိုင်မှုအတွက် ဇာတ်လမ်းတို ရိုက်ကူးပြီးသွားသောအခါ အန်းရှသည် ဟော်စစ်နှင့်အတူ နိုင်ငံခြားတွင် အတူ ဆက်မနေနိုင်တော့ပေ။ နာမည်ကြီး စားသောက်ဆိုင်အချို့သို့ အတူသွားရောက်ပြီးသောအခါ အန်းရှသည် တရုတ်ပြည်သို့ အလောတကြီး ပြန်သွားခဲ့လေသည်။
ပြန်ရောက်သောအခါ အန်းရှသည် 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' မှ သူငယ်ချင်းများအား နှုတ်ဆက်စကား ပြောကြားလိုက်လေသည်။
အားလုံးမှာ အန်းရှသည် သူတို့နှင့် အခြေအနေ ကွာခြားကြောင်းကို သိထားကြသော်လည်း ယခုကဲ့သို့ ရုတ်တရက် ထွက်ခွာသွားလိမ့်မည်ဟုတော့ ထင်မထားမိကြပေ။
သူမသည် ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်ချေတော့ မရှိသေးသော်လည်း သူမကိုယ်တိုင်ပင် ထွက်ခွာသွားရန် ရွေးချယ်ခဲ့လေသည်။
အထူးသဖြင့် အကြောင်းပြချက်မှာ သူတို့အား ပွင့်ပွင့်လင်းလင်းနှင့် မျှမျှတတ ယှဉ်ပြိုင်စေလို၍ ဖြစ်လေသည်။
အန်းရှသည် မူလကတည်းက သူတို့၏ ပြိုင်ဘက်မဟုတ်ကြောင်းကို နားလည်လေသော ပြိုင်ပွဲဝင်အချို့သည် သူမအား ပို၍ပင် အထင်ကြီးသွားကြတော့သည်။
"အန်း... ငါတို့လနင့်ကို တကယ်ပဲ ထွက်မသွားစေချင်ဘူး..."
"အန်း... ငါတို့နင့်ကို သတိရနေမှာပါ..."
အန်းရှသည် ငယ်ရွယ်၍ ချောမောလှပသော သူငယ်ချင်းများအား ကြည့်လိုက်ကာ သူမ၏ ကျောင်းတတ်ကာ သူငယ်ချင်းလိုချင်သော ဆန္ဒများသည် ပြည့်ဝသွားတော့သည်ဟု ခံစားလိုက်ရလေသည်။
တစ်လကြာ ကာလအတွင်းတွင် သင်ယူမှုနှင့် ယှဉ်ပြိုင်မှုများသည် သူမအား အတွေ့အကြုံ များစွာ ရရှိစေသည်ဟု ခံစားလိုက်ရလေသည်။
ဥပမာအားဖြင့် သရုပ်ဆောင်ရန် သင်ယူမှုနှင့် နှစ်လိုဖွယ်ကောင်းလှသော သူငယ်ချင်းများနှင့် မိတ်ဖွဲ့ရခြင်းပင် ဖြစ်လေသည်။
"ကျွန်မလည်း ရှင်တို့ကို သတိရနေမှာပါ။ ရှင်တို့လည်း ကိုယ့်ရဲ့အိပ်မက်ကို သေသေချာချာ သိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မက ရှင်တို့ရဲ့ သစ္စာရှိလှတဲ့ ပရိသတ်အဖြစ် တီဗွီရှေ့မှာ ရှင်တို့ရဲ့ သရုပ်ဆောင်မှုတွေကို စောင့်ကြည့်နေပါမယ်လို့ ကတိပေးပါတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်