အပိုင်း (၁၁၇)
"ကျစ်ရှင်း..."
ထောင်ကျစ်ရှင်းသည် လှပစွာနှင့် သဘာဝဆန်စွာ မူးမေ့လဲသွားလေသည်။ အန်းရှသည် စိတ်ထဲ၌ သက်ပြင်းချလိုက်မိလေသည်။ မျှော်လင့်ထားသလိုပင် သူမသည် မော့ယွီစန်းအား ခိုင်မြဲစွာ ဆုပ်ကိုင်ထားလေသည်။ သူမသည် ထိုသူအား လှည့်စားနေတော့သည်။
သူမ၏ သရုပ်ဆောင်မှုသည် အံ့သြဖွယ်ပင်။
ထို့အပြင် သူမသည် သင်ယူထားဖူးခြင်းလည်း မရှိပေ။
"အန်းရှ... မင်းသူမကို ဘာလုပ်လိုက်တာလဲ..." သူသည် အန်းရှအား ဒေါသထွက်လျက် စိုက်ကြည့်လိုက်လေသည်။
"ရှင့်မှာ မျက်လုံးမပါဘူးလား။ ကျွန်မ ဘာလုပ်လို့လဲ။ ကျွန်မ ဘာမှကို မလုပ်ခဲ့ဘူး။ ကျွန်မကို အပြစ်တင်မနေနဲ့...."
သူမသည် ဇာတ်လိုက် မင်းသားနှင့် မင်းသမီးတို့၏ စော်ကားရန်စမှုများကို ခံခဲ့ရပြီး ဖြစ်လေသည်။ ထို့ကြောင့် သူမသည် သူတို့နှင့် ရန်ဖြစ်နေစဉ်တွင် အနည်းငယ် ပျာယာခတ်ခြင်းပင် မဖြစ်မိပေ။
"ကျစ်ရှင်းက မေ့လဲသွားပြီလေ..."
မော့ယွီစန်းသည် အကြောင်းအရင်းကို မသိသော်လည်း အန်းရှ၏ ရန်စွာနေသော လက်ရှိအနေအထားကို မြင်လိုက်ရသောအခါ စိတ်ပျက်မိလေသည်။
သူသည် တစ်ချိန်တစ်ခါက နာခံတတ်ပြီး သူ့အပေါ်တွင် ကြင်နာတတ်သော ဇနီးဟောင်းဖြစ်သူ အန်းရှအား သတိရမိလေသည်။
"သူမ မေ့လဲသွားရတဲ့ အကြောင်းကိုသိချင်ရင် သူမကို မေးကြည့်လိုက်လေ။ ပြီးတော့ သူမက တကယ် မေ့လဲသွားတာရော ဟုတ်ရဲ့လား..."
အန်းရှသည် သူမ၏ နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ကာ မော့ယွီစန်းအား ကြည့်လိုက်လေသည်။ သူမသည် ထိုသူအား မည်သည့်စကားမျှ မပြောသော်လည်း သူမသည် 'ရှင်ဘာဖြစ်လို့ အဲဒီလောက်တောင် တုံးအနေရတာလဲ...' ဟူ၍ ပြောချင်နေသည်မှာ ထင်ရှားလှလေသည်။
မော့ယွီစန်းသည် စိတ်ပူ၍ စိတ်ပင် ပျက်သွားသောကြောင့် သူ့အား ရွဲ့ပြောပြောနေသော သူမအား လည်ပင်းပင် ညှစ်ပစ်ချင်နေလေသည်။ "ကျစ်ရှင်းက မင်းလို အကြံအစည်ကြီးတဲ့ မိန်းမမျိုး မဟုတ်ဘူးနော်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်