အပိုင်း (၁၃၄)
ထိုကဲ့သို့ယဉ်ကျေးပျူငှာမှုနှင့် ကြုံတွေ့လိုက်ရသောအခါ မော့ယွီစန်းသည် အံ့အားသင့်သွားလေသည်။
သူသည် ထိုလူလတ်ပိုင်းအရွယ် လူနှစ်ယောက်မှာ အန်းရှ၏ မိဘများဖြစ်ကြောင်းကို သိလိုက်လေသည်။
အန်းရှသည် မိဘများနှင့် မတူညီလှသော်လည်း ဆင်တူမှုများတော့ရှိနေလေသည်။
မော့ယွီစန်းသည် ထိုသူနှစ်ဦးမှာ အန်းရှ၏ မိဘများတဖြစ်လဲ သူ၏ ယောက္ခမဟောင်းများဖြစ်ကြောင်း အသိအမှတ်ပြုလိုက်လေသည်။
ထိုသူနှစ်ဦးအားတွေ့လိုက်ရသောအခါ မော့ယွီစန်းသည် တစ်ခဏမျှကြာအောင် ဘာပြောရမှန်း မသိတော့ချေ။
ချီလိသည်လည်း ထိုသူနှစ်ဦးမှာ အန်းရှ၏ မိဘများဖြစ်ကြောင်းကို သိလေသည်။ သူသည် အနည်းငယ် မျက်နှာပူမိသော်လည်း နှုတ်ဆက်လိုက်လေသည်။ "အန်တီ အန်ကယ်... အန်တီတို့က ချောင်ယွီနဲ့ ရင်းနှီးတယ်ထင်တယ်နော်..."
သူတို့သည် ရောက်ရောက်ချင်း အန်းရှ၏မိဘများနှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။
သူတို့သည် ပေါ်ပေါ်ထင်ထင်လာရောက်ရန် မရည်ရွယ်ထားခဲ့ချေ။ တိတ်တဆိတ်လာရောက်ကာ အပန်းဖြေရင်း မော့ကျားရှုအား လာကြိုရန်သာဖြစ်လေသည်။
သူတို့သည် ဥယျာဉ်ကြီးထဲသို့ ဝင်ဝင်ချင်းတွင် ချောင်ယွီဆိုသောနာမည်အား ပြောလိုက်ကာ သူတို့သည် ချောင်ယွီ၏ သူငယ်ချင်းများဖြစ်ကြောင်းပြောကာ သူ့အား တွေ့ချင်ကြောင်း ပြောလိုက်လေသည်။
သူတို့သည် အန်းရှ၏မိဘများ၏ နွေးထွေးစွာ ကြိိုဆိုခြင်းကို ခံလိုက်ရမည်ဟု မထင်ထားမိချေ။
ကံကောင်းသည်က သူတို့သည် တိတ်တဆိတ် လာရောက်ခြင်းဖြစ်ကာ အန်းရှလည်း မသိလိုက်ချေ။
"ဟီးဟီး... အန်တီတို့က ရှောင်ချောင်နဲ့ ရင်းနှီးကြပါတယ်..."
မော့ယွီစန်းနှင့်ချီလိသည် ထိုသူနှစ်ယောက်သည် ချောင်ယွီနှင့် ရင်းနှီးကြောင်းပြောကာ ချောက်ယွီအား သဘောကျနေပုံအား မြင်လိုက်ရသောအခါ အံ့သြသွားကြလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်