Part 122

2.4K 196 0
                                    


အပိုင်း (၁၂၂)

ရှဟယ်နယ်မြေ၏ ပတ်ဝန်းကျင် အနေအထားသည် ပြောင်းလဲနေလေသည်။ သူမ၏ အိမ်အပြန်လမ်းပင် ပြောင်းလဲနေလေသည်။

မူလတွင် သူမ၏ အိမ်သည် အလှမ်းဝေးလှလေသည်။

ယခင်က တက္ကစီများ ကားများလည်း မရှိသေးပေ။ ယခုတွင်မူ အလွန် သက်ဝင်လှုပ်ရှားနေတော့သည်။

"အမေ... အဘိုးနဲ့အဘွားဖွင့်ထားတဲ့ တည်းခိုအိမ်က အရမ်း နာမည်ကြီးပုံပဲ..."

မော့ကျားရှုသည် ပြန်လာပြီးနောက်တွင် ဖျော်ဖြေရေးကိစ္စများတွင် စိတ်ပါဝင်စားစွာ ရှာဖွေကြည့်မိသောကြောင့် သူတို့၏ တည်းခိုအိမ်ကြီးမှာ နာမည်ကြီးသည်ကို သိရှိထားလေသည်။ သို့သော် ထိုဥယျာဉ်ကြီးသည် ဤမျှလောက် နာမည်ကြီးလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ချေ။

ထိုအရာသည် နယ်မြေ၏ စီးပွားရေးကိုပါ သက်ရောက်မှု ရှိလေသည်။

"ဟားဟား... ဒါပေါ့။ အမေတို့ရဲ့ ဥယျာဉ်ကြီးက အရမ်းကိုလှတယ်လေ..."

ထိုသို့ ပြောလိုက်ရင်းဖြင့် အန်းရှသည် မော့ကျားရှု၏ လက်ကိုကိုင်ကာ ဥယျာဉ်ကြီးဆီသို့ လျှောက်လာခဲ့လေသည်။

သူမ၏ တည်ခိုးအိမ်သို့ လာရောက်လည်ပတ်သော ခရီးသည်များစွာ ရှိလေသည်။

အန်းရှသည် အဝင်ပေါက်ရှိ ခေါင်းလောင်းကို တီးလိုက်သောအခါ သက်လတ်ပိုင်းအရွယ်ရှိ ဝန်ထမ်းတစ်ဦးသည် တံခါးလာဖွင့်ပေးသည်ကို တွေ့လိုက်ရလေသည်။

"စိတ်မရှိပါနဲ့။ ဒီနေ့အတွက် လက်မှတ် ၁၀၀ က ရောင်းထွက်သွားပါပြီ။ လာရောက်လည်ပတ်ချင်တယ်ဆိုရင် အင်တာနက်ပေါ်မှာ ID ပြပြီး ကြိုတင် ဘိုကင်တင်ပြီး လက်မှတ် ဝယ်ယူပေးပါ..."

စတင်ဖွင့်သောအခါတွင် လက်မှတ်များသည် မှောင်ခိုစနစ်ဖြင့် လျှင်မြန်စွာ ရောင်းထွက်သွားသောကြောင့် အန်းမိသားစုသည် လတ်မှတ်ရောင်းခြင်းနှင့်ပတ်သက်၍ စည်းကမ်း တင်းကြပ်လိုက်လေသည်။

ရည်ရွယ်ချက်မှာ လက်မှတ်များအား မှောင်ခိုဝယ်ယူကာ မြင့်မားသော ဈေးနှုန်းများနှင့် ရောင်းချခြင်းကို တားမြစ်ရန်ဖြစ်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now