အပိုင်း (၁၄၂)
"နေပါဦး အစ်မလတ်က 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ်က ပြိုင်ပွဲဝင်နံပါတ် ၆၆ အန်း ဆိုတဲ့သူများလား..."
အန်းချိုးသည် သူ၏နတ်သမီးလေးမှာ အလွန်ကြင်နာကာ ရင်းနှီးနေပုံလည်းရပြီး သူမအား တစ်နေရာရာတွင် မြင်ဖူးနေသကဲ့သို့ ခံစားနေရမိလေသည်။
သူသည် အန်းနှင့် အစ်မလတ်ဖြစ်သူအား တစ်ခါမျှ ဆက်စပ်၍ မတွေးတောဖူးချေ။
သူတို့သည် ပုံစံအနေအထား ကွာခြားလှလေသည်။
တီဗွီဖန်သားပြင်ပေါ်တွင် မြင်ရသောအန်းသည် အစ်မလတ်ဖြစ်သူထက် ရုပ်ရည်အရရော အရှိန်အဝါအရပါ ပို၍ သာလွန် သန်မာနေလေသည်။
ထို့အပြင်အန်းရှ၏ နူးညံ့၍ အပြစ်ကင်းစင်နေပုံမှာ သူမအား အလွယ်တကူ အနိုင်ယူ၍ ရနိုင်သကဲ့သို့ ဖြစ်နေလေသည်။
သို့သော် ဟော်စစ်၏ ရုပ်ဆင်းသွင်ပြင်အရ သူ၏ အမေပြောသော စကားလုံးများနှင့် ကိုက်ညီမှု ရှိနေလေသည်။
ထို့ကြောင့် အန်းနှင့် ရင်းနှီးနေပုံရပြီး သူမမှာ အန်းရှဖြစ်နေကြောင်း သိလိုက်ရသောအခါ အန်းချိုးသည် အသိစိတ်ပြန်ကပ်သွားလေသည်။
သူ၏စိတ်သည် ရှင်းလင်းသွားပြီဖြစ်လေသည်။ သူသည် အန်းရှအား ထပ်ကာ ထပ်ကာ ကြည့်လေလေ သူမသည် သူ၏နတ်သမီးလေးနှင့် တူလေလေဖြစ်ကြောင်း သိလိုက်ရလေသည်။
သူတို့နှစ်ဦးသည် ပင်ကိုယ်စရိုက်နှင့် ရုပ်ပိုင်းဆိုင်ရာအရတွင် များစွာ ကွဲပြားခြားနားနေသော်လည်း အသေအချာ ကြည့်လိုက်မည်ဆိုလျှင် သူတို့သည် အလွန်အမင်း တူညီနေတော့သည်။
အထူးသဖြင့် ထိုကဲ့သို့ ကြီးမား ကြည်လင်၍ အရောင်များ ရွှန်းလဲ့နေသော မျက်ဝန်းများပင် ဖြစ်လေသည်။
"ဟီးဟီး ငါနောက်ဆုံးတော့ ရှာတွေ့သွားပြီပေါ့..."
အန်းချိုး၏ စိုက်ကြည့်နေခြင်းကို ခံနေရသောအန်းရှသည် စိတ်မသက်မသာစွာ ခံစားနေရကာ သူမ၏နှာခေါင်းအား ထိတွေ့လိုက်ရင်းဖြင့် သူ့အား ပြုံးပြလိုက်တော့သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်