Part 66

6.3K 497 6
                                    

"အပိုင်း (၆၆)"

ချိုချဉ် ဂျပန်တို့ဟူးကြော်နှင့် နာနတ်သီး၊ အချဉ်ရည်၊ အမဲသားနှပ်နှင့် ခရမ်းချဉ်သီးဆော့စ်၊ ကြွပ်ရွ၍ လတ်ဆတ်နေသော ဂေါ်ဖီထုတ်လေးများ၊ ပြင်ဆင်ထားပုံနှင့် အရသာမှာလည်း တထေရာတည်း ဖြစ်လေသည်။ ဟင်းလျာများ အားလုံးသည် အရသာရှိလှလေသည်။

ထိုအချိန်တွင် ဟန်ဖန်ဝမ်နှင့် အခြားသူများသည် ထိုဟင်းလျာများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေသည်။

သူတို့သည် အစားအသောက် ဇီဇာကြောင်သူများ မဟုတ်ကြပေ။ တော်တန်ရုံ အရသာရှိမည်ဆိုလျှင် သူတို့သည် ဗိုက်ပြည့်စေရန် စားသောက်ကြမည် ဖြစ်သည်။ ထို့နောက်တွင် သူတို့၏ အရသာခံစားမှုသည် လုံးဝကို ပြောင်းလဲသွားတော့သည်။

ချက်ချင်းဆိုသလိုပင် သူတို့သည် ဟော်စစ်မှ ကျောင်းမီနီကို ငြင်းပယ်ရခြင်းအကြောင်းကို နားလည်သွားကြလေသည်။

သူတို့သည် မိမိတို့၏ တုံးအခဲ့မှုများကိုလည်း နားလည် သဘောပေါက်သွား ကြလေသည်။

သူတို့သည် ဤကဲ့သို့ အရသာရှိအောင် ချက်ပြုတ်တတ်သော စားဖိုမှူးကို ငြင်းပယ်ခဲ့မိပြီး အစီအစဉ်အဖွဲ့၏ ရှားရှားပါးပါး ကြင်နာတတ်မှုများကိုလည်း ငြင်းပယ်ခဲ့ကြမိလေသည်။

'အစီအစဉ်အဖွဲ့က အရမ်းကိုလွန်တာပဲ။ အမှန်အတိုင်းပြောပြရင် သေသွားမှာ စိုးလို့လား'

အစီအစဉ်အဖွဲ့သားများ အားလုံး၏ ကြင်နာစွာ ပြုံးပြနေမှုများကြောင့်သာ မဟုတ်လျှင် သူတို့သည်လည်း ရွေးချယ်မှု မှားယွင်းခဲ့မည် မဟုတ်ချေ။

သေချာသည်မှာ ဆိုးရွားသော အစီအစဉ်အဖွဲ့သားများသည် ဆက်လက်၍ မကောင်းဆိုးဝါး ဖြစ်နေကြခြင်းပင်။

ဟန်ဖန်ဝမ်၏ ကျယ်လောင်စွာ ပြောဆိုလိုက်သော စကားလုံးများကြောင့် ကျောင်းမီနီသည် စိတ်ထိခိုက်သွားရတော့သည်။

သူတို့နှစ်ဦးစလုံး၏ ဟင်းလျာများသည် နာနတ်သီးကိုသာ အ​​ခြေခံ၍ ချက်ပြုတ်ထားကြခြင်း ဖြစ်သည်။ သူမသည် အသားဟင်းပွဲ ပြုလုပ်ထားခြင်းဖြစ်သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now