အပိုင်း (၁၁၃)
ထောင်ကျစ်ရှင်းသည် အကြောင်းအရင်းကို မသိသော်လည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားနေရလေသည်။
မော့ကျားရှုသည် နေမကောင်း မဖြစ်မီက သူမအား သဘောကျကာ အလွန်လည်း ရင်းနှီးခဲ့ကြလေသည်။ မော့ကျားရှုသည် သူမအား အမေကဲ့သို့ပင် သဘောထားသည်ဟု ထင်ခဲ့မိလေသည်။
သို့သော် မျက်တောင်တစ်ချက်ခပ်လိုက်ချိန်မျှ သာကြာမြင့်သော ကာလအတောအတွင်းတွင်ပင် အမည်တပ်၍မရနိုင်သော ဖျားနာမှု ပြီးသွားပြီးနောက်တွင် သူသည် သူမ၏ အနားမှ ထွက်ပြေးသွားခဲ့လေပြီ။
ထို့အပြင် သူမ၏ ကံကောင်းမှုများသည်လည်း တစ်စထက်တစ်စ ပျောက်ကွယ်နေပြီ ဖြစ်လေသည်။
ပထမတစ်ချက်သည် မော့ကျားရှုသည် သူမအနားမှ ထွက်ခွာသွားခြင်းဖြစ်၍ နောက်တစ်ချက်မှာ သူမ၏ ခင်ပွန်းဟောင်းဖြစ်သူကျောင်းဟောင်မှာ ရုတ်တရက် ပေါ်ပေါက်လာခြင်းပင် ဖြစ်လေသည်။ ထိုအကြောင်းငည် သူမအား ကုမ္ပဏီတွင် မျက်နှာ မပြရဲ့လောက်အောင် ဖြစ်ခဲ့ရလေသည်။
လတ်တလော ဖြစ်ရပ်များမှာ အလွန်ပင် ကံဆိုးမိုးမှောင် ကျခဲ့မှုများပင် ဖြစ်လေသည်။
ကံကောင်းသည်မှာ မော့ယွီစန်းသည် ကျောင်းဟောင်၏ စကားလုံးများကို မယုံကြည်ခဲ့လေဘဲ သူမအား ပို၍ပင် သနားသွားခြင်းပင်။
သူမသည် ဆက်လက်၍ မနေနိုင်တော့သည့်အလျောက် မော့ယွီစန်းသည် သူမအား မော့ကျားရှု၏ တရားဝင် ကလေးထိန်းဖြစ်လာစေရန် ဖန်တီးပေးနေလေသည်။
သူသည် သူမအား မော့ကျားရှုကို နေ့စဉ်ကျောင်းကြိုစေကာ မြင့်မားသော လစာများကိုလည်း ပေးထားလေသည်။
ထို့အပြင် မော့ယွီစန်းသည် နွေရာသီအားလပ်ရက်ကို အခွင့်ကောင်းယူ၍ သူမ၏ ကလေးများအား မော့ကျားရှုနှင့်အတူ အထက်တန်းလွှာများ တတ်ရောက်ကြသောကျောင်းသို့ ပို့ထားလေသည်။
ထိုအရာသည် သူမအား အလွန်ပင် စိတ်သက်သာရာ ရစေ၍ မော့ယွီစန်းနှင့် အတူရှိနေရန်ကိုလည်း ပိုမို၍ ဆုံးဖြတ်မိစေလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်