87 01
အပိုင်း (၈၇)
သူမသည် ဤမျှလောက် သန့်ရှင်းသပ်ရပ်မှုမရှိပေ။
သူမသည် နေ့စဉ်ကျောင်းသို့ လာရောက်သောအခါ သူမ၏ဆံပင်များသည် ရှုပ်ပွနေလျက် အဝတ်အစားများသည်လည်း အမြဲတမ်း ညစ်ပစ်နေခဲ့သည်။
သူမသည် အတန်းထဲတွင် သန့်ရှင်းစွာ မနေဆုံး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လေသည်။
"အန်းရှ... နင် ငါ့ရဲ့မေးခွန်းကို အခုထိမဖြေသေးဘူးနော်..."
အန်းရှသည် သူမ၏ ကြီးမားသော ပြောင်းလဲမှုကြီးကြောင့် သက်ပြင်းပင် ချမိလေသည်။
ထိုအမျိုးသမီးသည် သူမအား နောက်တစ်ဖန် ထပ်မေးလာလိမ့်မည်ဟု မည်သူမျှ တွေးထင်မိမည် မဟုတ်ချေ။
သူမ၏ အသံနေအသံထားသည် သူမအား စိတ်မသက်မသာ ဖြစ်စေလေသည်။
အန်းရှသည် ထိုအမျိုးသမီး၏ မေးခွန်းအား ပြန်လည် ဖြေဆိုလိုက်လေသည်။ "ငါတို့က ခံစားချက်တွေ ကုန်ဆုံးသွားလို့ လမ်းခွဲလိုက်ကြတာလေ။ အဲဒါက နင်နဲ့ တစ်ခုခုများ သက်ဆိုင်နေလို့လား..."
အန်းရှသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေပြီ ဖြစ်လေသည်။
သူမသည် ကျောင်းသားဟောင်းများနှင့် ပြန်လည်တွေ့ဆုံနိုင်ရန် မျှော်လင့်နေခဲ့ရပြီး အတန်းဖော်များရှိခဲ့သည် ခံစားချက်များကို ရရှိချင်နေခဲ့ရသည်။
သို့သော် သူမသည် ဧည့်သည်ခန်းထဲသို့ ဝင်လိုက်ချိန်မှ စတင်၍ စိတ်မသက်မသာဖြစ်မှုကို ခံစားနေရလေသည်။
ချောင်ယွီထုန်သည် လှောင်နေဟန်ဖြင့် သူမ၏နှုတ်ခမ်းများကို စုထားလိုက်လေသည်။ "ငါ ကြားထားတာကတော့ နင့်ယောက်ျားက နင့်ကို စွန့်ပစ်လိုက်တာဆို..."
"ယွီထုန်... ဆက်မပြောနဲ့တော့..."။ သူမ၏ဘေးတွင်ထိုင်နေသော ဟွောင်ရီရန်သည် မျက်မှောင်ကြုတ်ထားကာ သူမအား ဒေါသများဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
သူ၏ ဆူပူကြိမ်းမောင်းမှုများသည် လုံးဝကို အသုံးမဝင်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုအရာသည် ချောင်ယွီထုန်အား ပို၍ပင် ဒေါသထွက်သွားစေလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်