အပိုင်း (၉၁)
လင်မေ့ကျွင်း၏ စကားကို ကြားလိုက်ရသောအခါ အန်းရှသည် သူမအား အခြားသူများမှ ထိုကဲ့သို့ ဆက်ဆံပြုမူနေရခြင်း အကြောင်းကို တဖြည်းဖြည်း နားလည်သွားတော့သည်။
ထိုမိန်းကလေးများ၏ မနာလိုမှုများသည် ကြောက်စရာကောင်းလှလေသည်။
ထို့အပြင် ထိုအကြောင်းအရာသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်လေသည်။
"ရှရှ... တကယ်တော့ နင် ချောင်ယွီထုန်ရဲ့အကြောင်းကို ဆက်ပြီး ဂရုစိုက်နေစရာ မလိုတော့ဘူး။ ငါ့အထင်တော့ သူက တော်တော်လေး သနားစရာကောင်းပါတယ်..."
လင်မေ့ကျွင်း၏ စကားလုံးများသည် အန်းရှအား အနည်းငယ် စိတ်ဝင်စားသွားစေလေသည်။
"ချောင်ယွီထုန်က သနားစရာကောင်းတယ် ဟုတ်လား။ ဘယ်လိုမျိုး သနားစရာ ကောင်းတာလဲ..."
"ငါ ကြားတာကတော့ ချောင်ယွီထုန် အခုလို အရမ်းလှနေရတာက သူ့မိသားစုက တစ်နှစ်တုန်းက ယွမ် သန်း ၂၀ ကံစမ်းပဲ ပေါက်ခဲ့တယ်တဲ့။ အဲဒီနှစ်တုန်းက ယွမ် သန်း ၂၀ က ခုခေတ် ယွမ် သန်း ၂၀၀ ကျော် တန်ဖိုးရှိတာပေါ့။ သူ့မိသားစုက အရမ်းကို ကံကောင်းတာပဲ။ အဲဒီ ယွမ် သန်း ၂၀ နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်လိုက်တော့ အကျိုးအမြတ်တွေလည်း အများကြီး ရခဲ့တယ်လေ..."
လင်မေ့ကျွင်း၏ စကားအရ ချောင်ယွီထုန်မှာ စီးပွားရေးသမား အသစ်တစ်ဦးဖြစ်ကြောင်း နားလည်သွားလေသည်။
ထို့နောက် သူမသည် သနားစဖွယ်ကောင်းသော ချမ်းသာလာသူလေး ဖြစ်လေသည်။
တစ်ဦးတည်းသောသမီး ဖြစ်သည့်အလျောက် မိဘများသည် ချောင်ယွီထုန်အား လွန်စွာ ချစ်မြတ်နိုးကြလေသည်။ မိဘများသည် ချောင်ယွီထုန်ကြောင့် ဟွောင်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြလေသည်။ ယခုဆိုလျှင် မိသားစုနှစ်ခုသည် အတူတကွ ချည်နှောင်ပြီး ဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦး မခွဲထုတ်နိုင်တော့ပေ။
အရေးအကြီးဆုံးအချက်မှာ သူတို့၏ မိသားစုသည် ဟွောင်မိသားစု၏ စီးပွားရေးလုပ်ငန်းများကို ကျွမ်းကျင်မှုမရှိကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်နေကြသော်လည်း ဟွောင်မိသားစု၏ ထိန်းချုပ်မှုကို ခံနေရလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်