Part 49

6K 483 2
                                    

အပိုင်း (၄၉)

ထိုကဲ့သို့သာဆိုလျှင် သူသည် ထိုအရသာရှိလှသော ကိတ်မုန့်ကို မည်သို့ စားရတော့မည်နည်း။

ထိုကိစ္စသည် ပြဿနာတစ်ခု ဖြစ်လေသည်။

...

"အစ်ကိုဒီနေ့ ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို အလုပ်လုပ်ဖို့ သွားမှာမလား..."

မနက်ပိုင်းတွင် အန်းရှသည် နှင်းဆီကိတ်ပြုလုပ်ရန် ဥယျာဉ်ထဲမှ နှင်းဆီပွင့်ဖက်များကို ခူးယူလိုက်ပြီးနောက် အခြားသော အရန်ဟင်းပွဲများကိုလည်း ပြင်ဆင်လိုက်လေသည်။ အိမ်သားများ အားလုံးအတွက် ပဲနို့ကို ပြင်ဆင်ပြီးနောက်တွင် အန်းလင်မယား၏ နံဘေးတွင် ဝင်ထိုင်လိုက်လေသည်။

လင်းမယားနှစ်ဦးသည် လိမ္မာရေးခြားရှိပြီး သားသမီးဝတ္တရားကျေပွန်လှသော သမီးဖြစ်သူကိုကြည့်၍ သူတို့၏ သမီးလေးသည် ချစ်စဖွယ်ကောင်းလှသည်ဟု တွေးတောနေမိတော့သည်။

သူတို့သည် အန်းရှ၏ ပြုစုပေးနေမှုများကို စိတ်မသက်မသာဖြစ်မိသော်လည်း သူမသည် အလွန်ခေါင်းမာလှသူ ဖြစ်လေသည်။

သူမသည် တစ်စုံတစ်ရာအပေါ်တွင် ယုံကြည်မှုရှိနေသောအခါ သူမကို အခြားအရာများနှင့် ဆွဲဆောင်လျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။

ကလေးမလေးသည် သူတို့အတွက် ဟင်းလျာများ ချက်ပြုတ်ပေးရခြင်းကို အမှန်တကယ်နှစ်သက်၍ သူမ၏ အချက်အပြုတ်စွမ်းရည်သည်လည်း သူတို့ထက်ပင် ကျွမ်းကျင်ကြောင်းကို သိနိုင်လေသည်။

ထို့ကြောင့် သူတို့သည် သူမ၏ ချက်ပြုတ်ကျွေးမွေးလိုမှုကို မနှောင့်ယှက်တော့ချေ။

အန်းချောင်ရှုန်းသည် ပဲနို့ကို တစ်ငုံသောက်လိုက်ပြီးနောက် သူ၏သားကို ကြည့်၍ မေးလိုက်လေသည်။ "ဟုတ်သားပဲ အန်းသုန်... ဒီနေ့ မင်းညီမရဲ့ ကုမ္ပဏီကို အလုပ်လုပ်ဖို့ သွားမှာမလား။ မင်း စောစောသွားသင့်တယ်ကွ။ အဲဒါမှ မင်းညီမရဲ့ကုမ္ပဏီကို ကောင်းကောင်း ဂရုစိုက်ပေးလို့ရမှာ..."

သူသည် သားဖြစ်သူ၏ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်သော်လည်း သူ့အနေဖြင့် ကြောက်ရွံ့မှုတစ်ခု ရှိနေလေသည်။ ထိုကိစ္စမှာ သူ့သားသည် အိမ်ထောင်ပြုလိုက်၍ သူ၏မိန်းမသည် သူ့သမီး၏ကုမ္ပဏီကို မည်ကဲ့သို့ တွေးတောမည်ကိုပင် ဖြစ်သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now