Part 148

2.2K 156 1
                                    


အပိုင်း (၁၄၈)

သို့သော် သူ၏အစ်ကိုကြီးမှာ သူတို့ခက်ခဲနေစဉ်က ကူညီထားဖူးသူဖြစ်လေသောကြောင့် သူတို့သည် အဘယ်ကြောင့်များ တွန့်တိုနေရမည်နည်း။

သူတို့သည် ယခုအချိန်တွင် အဆင်​ပြေနေပြီ ဖြစ်သောကြောင့် အစ်ကိုကြီးအား ကူညီနိုင်ပြီ ဖြစ်လေသည်။

ထို့ကြောင့် အန်းချောက်ရှုန်းသည် အန်းကော်ဟွားအား ပြုံး၍ ပြောလိုက်လေသည်။ "ငါတို့က ညီအစ်ကိုတွေပဲဟာကို။ နင်နင်က အလုပ်မှာ အဆင်မပြေဘူးဆိုရင် သူမကို ငါ့ရဲ့တည်းခိုအိမ်မှာ အလုပ်ပေးထားလို့ ရတာပေါ့။ ငါတို့က ဒီမှာ လူလည်းသိပ်မရှိဘူးလေ..."

အန်းကော်ဟွားသည် စိတ်လှုပ်ရှားသွားရလေသည်။

သူသည် ယခုအချိန်တွင် အပြင်လူအဖြစ်သာ လာရောက်ခြင်း ဖြစ်သော်လည်း သူတို့၏ စီးပွားရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိသာထင်ရှားလှလေသည်။

ထို့အပြင် သူသည် ညီ၏မိသားစုအကြောင်းအား သိရှိလေသည်။ သူတို့သည် သူ၏သမီးဖြစ်သူအား ဆိုးဆိုးဝါးဝါးလည်း ဆက်ဆံမည့်သူများ မဟုတ်ကြချေ။

"ကောင်းတယ်.. ကောင်းတယ်... နင်နင်သာ ဒီမှာအလုပ်လုပ်မယ်ဆိုရင် ငါလည်း စိတ်ချရတာပေါ့..."အန်းကော်ဟွားသည် သဘောတူလိုက်လေသည်။

သူသည် သမီးဖြစ်သူနှင့် ဇနီးဖြစ်သူတို့၏ အန်းရုံ၏ ဟိုတယ်တွင် အလုပ်လုပ်မည့် အစီအစဉ်အား ဘေးချိတ်ထားလိုက်လေသည်။

သူ၏စိတ်ထဲတွင် အန်းရုံသည် မည်သို့များ မလမ်နီယမ်ဟိုတယ်၏ ပိုင်ရှင်ဖြစ်နိုင်လိမ့်မည်နည်းဟု တွေးနေမိလေသည်။

အန်းရုံသည် မလမ်နီယမ်ဟိုတယ်၏ ပိုင်ရှင်ဖြစ်နေလျှင်တောင် သမီးဖြစ်သူသည် ထိုအဆင့်မြင့်လှသော ဟိုတယ်တွင် အလုပ်လုပ်ကိုင်ရန် မသင့်တော်လှချေ။

သမီးဖြစ်သူ၏ ပင်ကိုယ်စရိုက်နှင့် ပညာရေးအခြေအနေအရ သူမသည် ထိုနေရာတွင် လုပ်ကိုင်နိုင်မည် မဟုတ်ချေ။

သို့သော် အန်းကော်ဟွားမှာ ဇနီးနှင့် သမီးဖြစ်သူထံတွင် အကြံအစည်ကြီးတစ်ခု ရှိနေသည်ကိုတော့ မသိရှိခဲ့ပေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now