Part 35

6.8K 602 4
                                    

အပိုင်း (၃၅)

သူ့ကို ဖုန်းခေါ်ဆိုသူသည် သူ၏ ချစ်သူ ဟယ်ရာဝမ်ပင်ဖြစ်သည်။

"အန်းသုန်...ကျွန်မအခု ဒီကိစ္စကို သေသေချာချာ စဉ်းစားပြီးသွားပြီ။ ကျွန်မတို့...လမ်းခွဲကြရအောင်"

ဤအချိန်ကာလ အတောအတွင်းတွင် ဟယ်ရာဝမ်သည် သူ၏ ဖုန်းများနှင့် စာတိုများကို တုံ့ပြန်ဖြေကြားခြင်း မရှိလေသောကြောင့် သူ့အနေဖြင့် ခန့်မှန်းမိပြီးသား ဖြစ်သည်။

သူသည် အဖြေကို သူ၏နားဖြင့် ကြားသိလိုက်ရသောအခါ နှလုံးသားထဲတွင် နာကျင်မိနေတုန်းဖြစ်သည်။

သူသည် သူ့ကိုယ်သူ မျှော်မှန်းထားသလောက် မသန်မာသေးကြောင်း သိလိုက်ရသည်။

"မင်းရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ စိတ်ကူးမရှိတော့ဘူးလား" အန်းသုန်သည် အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ညင်သာစွာ မေးလိုက်လေတော့သည်။

သူသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေလျက် ​အခြေအနေ မကောင်းမွန်ကြောင်းကို သိရှိလေသည်။ သူမသည် ပိုမိုကောင်းမွန်မှုနှင့်သာ ထိုက်တန်လေသည်။

သို့သော်လည်း သူသည် သူမအပေါ်တွင် ခံစားချက်ရှိနေသေးသောကြောင့် ယခုကဲ့သို့ အလွယ်တကူ လက်မလျှော့လိုက်ချင်ပေ။

"ဝမ်ဝမ်...ကိုယ်အခု အလုပ်ရှာနေပါတယ်။ ကုမ္ပဏီတော်တော်များများကလည်း စိတ်ဝင်စားကြတယ်။ ကိုယ်က လစာကိုတော့ အာမ မခံနိုင်သေးပေးမဲ့ အိမ်ကိုတော့..." အိမ်အတွက်တော့ အာမခံပေးနိုင်ပါတယ်။

အန်းသုန်သည် သူ့ချစ်သူနှင့် ပထမဦးဆုံးအကြိမ် အပေးအယူပြုလုပ်သည့် အနေဖြင့် အိမ်ဝယ်ယူရန်အတွက်တော့ သူ့မိဘများ၏ ငွေကိုအသုံးပြုရန် ခေါင်းမာမာနှင့် ငြင်းဆိုမိနေတုန်းပင်။

ကံမကောင်းချင်တော့ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်အပေါ်တွင် ခံစားချက်များကို ရုတ်သိမ်းရန် ဆုံးဖြတ်ပြီးသောအခါ ထိုသူအနေဖြင့် မည်သည့်စကားလုံးမျိုးကိုသာ ပြောသည်ဖြစ်စေ အသုံးမဝင်တော့ချေ။

"အန်းသုန်...ကျွန်မ တောင်းပန်ပါတယ်။ ကောင်းကောင်းမွန်မွန် နေထိုင်သွားကြရအောင်"

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now