အပိုင်း (၁၁၅)
ထိုအချိန်တွင် အန်းရှနှင့် မော့ကျားရှုတို့သည် သူတို့အား ဇာတ်လိုက်မင်းသမီးမှ အတင်းအဖျင်းစကားများ ပြောဆိုနေသည်ကို မသိကြပေ။
သိလျှင်လည်း သူတို့သည် များစွာ ဂရုစိုက်ကြမည် မဟုတ်ပေ။
အန်းရှသည် လူစိမ်းများအပေါ်တွင်ဂရုစိုက်နေမည် မဟုတ်ပေ။ မော့ကျားရှုအတွက်မူ ထိုသူများအားလုံးသည် လူပြက်များသာသာပင် ဖြစ်လေသည်။
သူသည် ယခင်ဘဝတွင် အခွင့်အရေးများ မရရှိခဲ့ပေ။ ယခုဘဝအသစ််တွင်မူ သူသည် အခွင့်အရေးများ ရရှိနေပြီး ဖြစ်လေသည်။
အန်းရှသည် မော့ကျားရှုထံမှ ဖုန်းလက်ခံရရှိသောအခါ သူမသည် ထောက်ကျစ်ရှင်းနှင့် သူမ၏မိသားစုအား သတ်ပစ်ချင်မိခဲ့လေသည်။ သူတို့သည် သူမအတွက် ခုန်ပေါက်မြူးတူးနေသော လူပြက်များနှင့် တူနေလေသည်။
သို့သော် သူမသည် သူမ၏စိတ်အား ပြောင်းလိုက်လေသည်။
"မော့ယွီစန်း... ရှင် နေရောကောင်းရဲ့လား။ ကျွန်မကဘာဖြစ်လို့ ဂရုစိုက်သင့်တယ်လို့ ရှင်ထင်တာလဲ။ ရှင်နေမကောင်းဘူးဆိုရင် ဆရာဝန်သွားပြလိုက်။ ကျွန်မကို အနှောင့်အယှက် လာမပေးနဲ့..."
သူမသဘ် ဆွံ့အသွားရလေသည်။
ထိုသူသည် အဘယ်ကြောင်းများ သူမကို သူ့အပေါ်တွင် အမြဲတမ်း အစီအစဉ်များ ကြံစည်နေသကဲ့သို့ လှည့်စားနေမည်ဟု ထင်နေရသနည်း။
သူမသည် ပြောချင်သည့်စကားများ ပြောပြီးသွားသောအခါ မော့ယွီစန်း၏ အဖြေကိုပင် စောင့်မနေတော့ဘဲ ဖုန်းချလိုက်လေသည်။
သူမသည် ဖုန်းချပြီးသွားသောအခါ အနည်းငယ် ဒေါသထွက်သွားလေသည်။ "သူ့ခေါင်းတော့ တစ်ခုခု ဖြစ်နေပြီထင်တယ်.. "
သူမသည် လူဆိုးကောင် မော့ယွီစန်း၏ စကားကိုနားထောင်သော မူလပိုင်ရှင်ကဲ့သို့ မဟုတ်ပေ။ သူသည် ခေါင်းထဲ၌ အညစ်အကြေးများဖြင့်သာ ပြည့်နှက်နေသော လူဆိုးကောင်နှင့် မည်သို့မျှ အသားမကျနိုင်ပေ။
"အမေ... ဘာဖြစ်လို့လဲ..."
သူမ၏ ဘေးတွင်ထိုင်နေသော မော့ကျားရှုသည် အဖေဖြစ်သူ၏ ဖုန်းခေါ်ဆိုမှုကို သိလိုက်ကာ အမေဖြစ်သူအား တစ်ခုခု မကောင်းပြောလိုက်မည်ကို သိရှိလိမ့်ပေမည်။ "အဖေက အမေ့ကို ဒေါသထွက်အောင် တစ်ခုခု ပြောလိုက်လို့လား..."
أنت تقرأ
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
عاطفيةဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်