အပိုင်း (၁၃၆)
မော့ယွီစန်းသည် ရီဝေဝေဖြစ်နေပုံရသော ချီလိအားကြည့်လိုက်ကာ နောက်ဆုံးတွင် ဆော့စ်အား မြည်းကြည့်လိုက်လေသည်။
သူသည် ကြက်သားဆော့စ်ကို ပါးစပ်ထဲထည့်လိုက်သောအခါ အံ့သြသွားရလေသည်။
ဒီအရသာက...
မော့ယွီစန်း၏ ထိတ်လန့်သွားသောမျက်နှာအား မြင်လိုက်ရသောအခါ ချီလိသည် ထိုသူမမှာ ဆော့စ်အရသာကြောင့်ဟုသာ ထင်လိုက်မိလေသည်။
"အရသာရှိလား..."
သို့သော် မော့ယွီစန်းသည် ချီလိအား လျစ်လျူရှုလိုက်ကာ ကဏန်းအစပ်ဆော့စ်အား မြည်းလိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ သူသည် တစ်စုံတစ်ခုအား အတည်ပြုလိုက်မိလေသည်။
ထိုအရာများသည် ထောင်ကျစ်ရှင်းမှ သူ့အား ဟင်းချက်ပေးရာတွင် အသုံးပြုခဲ့သော ဆော့စ်များ ဖြစ်နေသည်ကို သိရှိသွားလေသည်။
"ဒီဆော့စ်တွေကို ဘယ်သူလုပ်ထားတာလဲ..."
အဖြေကို ကြားလိုက်ရသောအခါ မော့ယွီစန်းသည် အနည်းငယ်ရယ်ချင်မိသွားတော့သည်။
"ဟုတ်တယ် သူ့ကိုကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ..."
အန်းချောင်ရှုန်းသည်လည်း မော့ယွီစန်းအား ဂရုတစိုက်ဖြင့် ကြည့်ရှုလိုက်လေသည်။
သို့သော် ထိုအရာသည် တစ်ခဏမျှပင်ဖြစ်ကာ သူသည် မည်သူနှင့် တူနေကြောင်းကို မသိရှိသွားပေ။
"အမေ အဖေ စားကြတော့လေ။ ကြည့်မနေပါနဲ့တော့..."
အန်းရှသည် မိဘများအား စိတ်မညစ်စေချင်ပေ။ သူတို့သည် မော့ယွီစန်းအကြောင်းအား သိရှိရန် မလိုအပ်ချေ။
သူတို့သည် ပြဿနာများအား တစ်ခုပြီးတစ်ခု ရင်ဆိုင်ရန် အသက်ကြီးလွန်းနေပြီ ဖြစ်လေသည်။
အန်းရှ၏တိုက်တွန်းမှုကြောင့် လူကြီးနှစ်ဦးသည် စိတ်လျှော့လိုက်ကာ စားစရာများကိုသာ စားသောက်နေတော့သည်။
အန်းရှသည် သူ့အတွက် ပြောဆိုပေးလိုက်သောကြောင့် မော့ယွီစန်းသည် သူမအား တစ်ဖန်ကြည့်လိုက်ပြန်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်