အခန်း(150)
အမေအန်းက ဒီကိစ္စကို စဉ်းစားနေတာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။ အကယ်၍ အန်းနင်က ယာတောအိမ်မှာ နေပြီး အလုပ် လုပ်မယ်ဆိုလျှင် သူမကို ဟင်းချက်နည်း သင်ပေးမည် ဖြစ်သည်။
သူမ၏ကျွမ်းကျင်မှုသည် အန်းရှလောက် မကောင်းနိုင်ပေမဲ့လည်း ထိုအရာတွေက အတော်လေး လုံလောက်နေပြီဖြစ်သည်။
ထို့ကြောင့် အန်းနင်သည် လယ်တောအိမ်တွင် အလုပ်မလုပ်လျှင်တောင်မှပဲ အန်းနင်သည် ငွေကြေးအမြောက်အမြားကို သေချာပေါက် ရနိုင်လိမ့်မည်ဟု အမေအန်းက အာမခံနိုင်သည်။ သူမသည် အနာဂတ်တွင် စားသောက်ဆိုင်တောင်မှ ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။
အန်းရှပေးခဲ့သည့် ဟင်းချက်နည်းတွေမှာ တကယ်ကိုပြိုင်ဘက်ကင်း လှသည်။သူတို့က ကိုယ်ပိုင်စားသောက် သို့မဟုတ် တစ်ခုခုကိုပင် စတင်နိုင်လိမ့်မည်။
သို့သော်လည်း သူမ၏ အလွန်သိတတ်သော အယူအဆသည် အန်းနင်ကို မှားယွင်းလာသည်ဟု ခံစားရစေသည်။
"ငါစားဖိုမှူး မဖြစ်ချင်ဘူး။ ငါအိမ်မှာလည်း ချက်စားမှာ မဟုတ်ဘူး"
အမေအန်းကလည်း အနည်းငယ် ဆွံ့အ သွားခဲ့သည်။
အန်းနင်၏ ပင်ကိုယ်စရိုက်ကြောင့်ပင် သူမ၏ သမီးကြီးထံသို့ သူမအား သွားခွင့်မပြုနိုင်တော့သည်ကို ပို၍ပင် ခံစားသိရှိလာခဲ့သည်။
"ကောင်းပြီ။ ငါထွက်သွားတော့မယ်။"
ချန်းရင် နှင့် အန်းနင်ကို ကြည့်ပြီး အန်းကော်ဟွက အတော်လေး စိတ်ဆိုးသွားပြီး ထွက်လာခဲ့တော့သည်။
အန်းကော်ဟွက ပြန်လှည့်ကြည့်လိုက်တော့ ဘာမှမပြောဘဲ ဖြည်းညှင်းစွာ ကြည့်နေသော အန်းရှက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။
"ဦးလေး ခနစောင့်ပါဦး"
အန်ကောဟွသည် အပြစ်ရှိဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
သူ့မိန်းမနဲ့ သူ့သမီးကြောင့် မျက်နှာလုံးဝ ပျက်သွားရသည်။
"ရှရှ၊ မင်းအဒေါ်နဲ့ ဝမ်းကွဲကို စိတ်ထဲမထားပါနဲ့၊
သူတို့ကို စိတ်မဆိုးပါနဲ့"
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်