Part 143

1.4K 135 0
                                    


အပိုင်း (၁၄၃)

မော့ကျားရှု၏အတွေးများမှာ မှန်ကန်လေသည်။ ဟော်စစ်သည် ပြဿနာများအား ခံစားမိခဲ့လေသည်။ ထို့ကြောင့်သူသည် အန်းရှ၏ ဟန်ဆောင်ချစ်သူအခြေအနေအား ချောင်ယွီ၏အရှေ့တွင်သာမက မိဘများ၏ အရှေ့မှာလဲ ဟန်ဆောင်ချင်ခဲ့ခြင်း ဖြစ်လေသည်။

သူတို့သည် သူ့အား လူငယ်လေးတစ်ယောက်ကဲ့သို့သာ သဘောထားနေကာ အန်းရှအား ပိုးပန်းနေသော သူတစ်ယောက်အဖြစ် မသတ်မှတ်ကြချေ။

ထို့ကြောင့်သူသည် သူတို့၏အမြင်အား ပြောင်းလဲပစ်ချင်နေခဲ့လေသည်။

သူသည်လည်း သူတို့၏ အနာဂတ်သမက်လောင်းဖြစ်နိုင်ကြောင်း ပြသချင်နေခဲ့လေသည်။

"ဟော်စစ် ရှင်ဘာတွေလုပ်နေတာလဲ..."

ဟော်စစ်သည် ရပ်လိုက်သောအခါ အန်းရှသည်သူ့အား ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

အန်းရှသည် နှုတ်ခမ်းအား စုလိုက်ကာ တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။ "ကျွန်မရဲ့မိဘတွေအရှေ့မှာ ရှင်ဘာဖြစ်လို့ အဲဒီလို ညာပြောလိုက်ရတာလဲ..."

"ကျွန်မတို့က ချောက်ယွီရဲ့အရှေ့မှာပဲ ဟန်ဆောင်ကြမှာ မဟုတ်ဘူးလား..."

အန်းရှ၏ သံသယစကားလုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ဟော်စစ်သည် အလွန်ရိုးသားစွာ ပြောလိုက်လေသည်။ "ရှရှ... ချောင်ယွီက ငါတို့က ချစ်သူတွေဆိုတာကို မယုံဘဲ အန်ကယ်တို့ အန်တီတို့ဆီသွားပြီး အတည်ပြုနေရင် ဘယ်လိုလုပ်ကြမှာလဲ..."

ထိုအရာသည် ဖုံးကွယ်ထားမှုများ မရှိသကဲ့သို့ပင်။ သူပြုလုပ်ခဲ့သော အကြောင်းများသည် အန်းရှအား ကူညီချင်မှုကြောင့်သာ ဖြစ်နေသကဲ့သို့ပင်။

"ဘယ်လို..."

ဟော်စစ်၏ ရိုးသားပုံရသော အပြုအမူအား မြင်လိုက်ရသောအခါ အန်းရှသည် အလေးအနက်စဉ်းစားလိုက်ကာ သူပြောသော အကြောင်းအရာများသည် မှန်ကန်သည်ဟု ခံစားလိုက်ရလေသည်။

သူသည် သုမအတွက်ကူညီပေးနေခြင်း ဖြစ်လေသည်။

ဟော်စစ်သည် အန်းရှ၏ပုခုံးအား ပုတ်လိုက်ကာ ရိုးသားစွာဖြင့် ပြောလိုက်လေသည်။ "ရှရှ ဘာမှစိတ်မပူပါနဲ့။ ချောင်ယွီကမင်းကို ဆက်ပြီးမနှောင့်ယှက်တော့တဲ့အခါ ငါ အန်တီနဲ့ အန်ကယ်ကို အမှန်အတိုင်း ဝန်ခံလိုက်ပါ့မယ်။ အများကြီး မစဉ်းစားပါနဲ့..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။حيث تعيش القصص. اكتشف الآن