Part 36

6.8K 618 2
                                    

အပိုင်း (၃၆)

"မင်း လမ်းခွဲလိုက်ပြီဆိုတော့ ကောင်းတာပေါ့"

"လက်ထပ်ပြီးမှ ကွာရှင်းလိုက်တာထက်စာရင်တော့ ပိုကောင်းတာပေါ့"

အန်းသုန်သည် မိဘများ၏ တုံ့ပြန်မှုကို တွေ့မြင်လိုက်ရသောအခါ နေရာတွင်ပင် မှင်သက်မိနေတော့သည်။

သူ၏မိဘများသည် သူ့ချစ်သူကို သဘောကျနေကြသည် မဟုတ်လား။

ဟယ်ရာဝမ်ကို အိမ်သို့ ပထမဦးဆုံး ခေါ်လာချိန်တွင် သူ၏မိဘများသည် အလွန်ပင် ပျော်ရွှင်နေခဲ့ကြသည်။

သူတို့သည် မိသားစု ဆုံညီတွေ့ဆုံပွဲကိုပင် ခမ်းခမ်းနားနား ဆင်နွှဲခဲ့ကြသေးသည်။

သို့သော် ယခုမှာ...

"အဖေ၊ အမေ...အမေတို့က ဟယ်ရာဝမ်ကို သဘောကျကြတယ် မဟုတ်ဘူးလား" အန်းသုန်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။

သူ့မိဘများ၏ တုံ့ပြန်ဖြေကြားမှုက အနည်းငယ် ထူးဆန်းနေလေသည်။

"ရှောင်သုန်...အမေနဲ့ အဖေတို့က မင်းကို ပြောမပြချင်ခဲ့ဘူး။ မင်း အဲဒီမိန်းမအတွက်နဲ့ ခံစားနေရမှာကို မကြည့်ရက်လို့ အမေတို့က မပြောပြခဲ့တာ"

ထို့သို့ပြောလိုက်ပြီးနောက် မိဘများသည် အန်းသုန်ကို သူတို့သိထားသော အကြောင်းများကို ပြောပြလေတော့သည်။

အမှန်တကယ်တော့ မိဘများသည် ဟယ်ရာဝမ်ကို သဘောကျခဲ့ကြသည်။ သူမသည် ချောမောလှပ၍ နူးညံ့သိမ်မွေ့လေသည်။ သူမသည် မြို့ပေါ်တွင်နေထိုင်၍ သူမ၏မိသားစုသည် သူတို့ထက် ချမ်းသာကြလေသည်။

သူတို့၏သားသည် ကောလိပ်မတတ်ဖူးချေ။ ထို့ကြောင့် ဤကဲ့သို့သော အနေအထားရှိသည့် မိန်းကလေးနှင့် တွေ့ဆုံရခြင်းသည် ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဖြစ်လေသည်။

ထို့ကြောင့် မှားယွင်းစွာဖြင့် သူတို့သည် အနာဂတ် ချွေးမလေးအပေါ်တွင် များစွာကြင်နာခဲ့ကြလေသည်။

ထိုမိန်းကလေး၏ မိသားစုသည် ပြဿနာရှာကြ၍ သူတို့ကိုလည်း ဈေးကြီးသော လက်ဆောင်များ ပေးခိုင်းကာ အိမ်ဝယ်ရန်အတွက် ငွေကြေးများကိုလည်း တောင်းခံကြစေကာမူ သူ့မိဘများသည် သဘောတူ လက်ခံခဲ့ကြသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now