အပိုင်း (၁၃၇)
"ရှရှ ဘာမှစိတ်မပူနဲ့။ အမေတို့ရှိနေသရွေ့ အဲဒီလူဆိုးကောင်တွေ သမီးကို အနိုင်ကျင့်လို့ မရစေရဘူး..."
အန်းရှသည် မော့ယွီစန်းအကြောင်းအား စိတ်မဝင်စားချေ။
သို့သော်...
"ချောင်ယွီက ကျွန်မကို သဘောကျနေတာတဲ့လား..."
အန်းရှသည် အလွန်အံ့သြသွားလေသည်။ သူမသည် ထိတ်လန့်သွားသည့်အလျောက် ဘာစကားမှပင် မပြောနိုင်တော့ချေ။
ချောင်ယွီသည် သူမအား ကြိုက်နေသည်တဲ့လား။
သို့သော် သူသည် သူမအား ဝန်ခံလိုက်သည်များလား။
သူမသည် ဘဝတွင် မထဦးဆုံးအနေဖြင့် ဆန့်ကျင်ဘက် လူတစ်ဦးထံမှ ချစ်ရေးဆိုခြင်းကို လက်ခံလိုက်ရခြင်း ဖြစ်လေသည်။
အန်းရှသည် ကြောင်စီစီဖြစ်နေတော့သည်။
သမီးဖြစ်သူ၏ ကြောင်စီစီပုံစံအား မြင်နေရသောအခါ အန်းလင်မယားသည်ပင်လျှင်အံ့သြနေရလေသည်။
သူတို့သည် သမီးဖြစ်သူမှာ လူဆိုးကောင်မော့ယွီစန်းကြောင့် ခံစားနေရသည်ဟု ထင်နေမိလေသည်။ သို့သော် သူမသည် ထိုသူအကြောင်းအား လုံးဝပင် တွေးတောမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ချောင်ယွီက သူမအား ကြိုက်နေသည့်အကြောင်းကိုပင် စဉ်းစားနေမိလေသည်။
"ဟေး ချောင်ယွီက သမီးကိုကြိုက်နေတယ်ဆိုတာ သမီးတကယ်ပဲ မသိဘူးလား..." အမျိုးသမီးအန်းသည် အန်းရှအား ရယ်ချင်စွာ ကြည့်လိုက်လေသည်။ ထိုကိစ္စကြောင့်ပင် မော့ယွီစန်းကြောင့် ဖြစ်တည်နေသော စိတ်ဆိုးမှုများသည်လည်း ပျောက်ကွယ်သွားတော့သည်။
"ဟင် သမီး မသိဘူးလေ..." သူမသည် ခေါင်းအား ခါယမ်းလိုက်လေသည်။ သူမသည် ချောင်ယွီက သူမအား နှစ်သက်နေခြင်းကို လုံးဝမသိပေ။
သူမသည် ချောက်ယွီမှာ စိတ်အားထက်သန်သူ ဖြစ်လေသောကြောင့် သူမအား ကူညီခဲ့သည်ဟုသာ ထင်နေမိလေသည်။
"ဒါဆိုရင် သမီးသူ့ကို သဘောကျလား..."
ထိုမေးခွန်းကို မေးလိုက်ရသောအခါ အန်းလင်မယားသည် မျက်မှောင်ကြုပ်သွားကြလေသည်။
أنت تقرأ
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
عاطفيةဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်