Part 85

4.8K 415 2
                                    

အပိုင်း (၈၅)

"ဟုတ်တယ် ယွီထုန်... နင်က ငါတို့အားလုံးထဲမှာ ပြီးပြည့်စုံမှုအရှိဆုံး မိန်းကလေးတစ်ယောက်ပဲ..."

"ယွီထုန်... ငါတို့ ဘယ်တော့လောက် နင်နဲ့ ငါတို့အတန်းထဲက မင်းသားလေးရဲ့ လက်ထပ်ပွဲအရက်ကို သောက်ရမှာလဲ..."

အရွယ်ရောက်နေသူများအဖို့ ထိုအရာသည် လက်တွေ့ဆန်သော ကိစ္စတစ်ခု ဖြစ်လေသည်။

သူတို့သည် ချောင်ယွီထန်အပေါ်တွင် ဆင်းရဲမှုနဲ့ ပေါ့တန်တန်ဖြစ်နေမှုများကြောင့် အထင်အမြင်သေးကြပြီး သူမအား အနိုင်ကျင့်သူများပင် ရှိကြလေသည်။

တစ်ချိန်က ဘဲရုပ်ဆိုးမလေးသည် ငန်းဖြူလေးအသွင်သို့ ပြောင်းလဲသွားသောအခါ သူမ၏ဝန်းကျင်မှ လူများသည် သဘောထားများ ပြောင်းသွားကြ၍ သူမအား ဝန်းရံလာကြတော့သည်။

သူတို့သည် ထိုဘဲရုပ်ဆိုးမလေးအား မည်မျှပင် အထင်အမြင် သေးခဲ့မှုများကို မေ့သွားကြလေသည်။

"ဟီးဟီး... မကြာခင် လာတော့မှာပါ။ ငါ့ရဲ့မိဘတွေနဲ့ သူ့ရဲ့မိဘတွေက လက်ထပ်ပွဲရက်ကို သတ်မှတ်လိုက်ပြီလေ။ အခု သူတို့ စီစဉ်နေကြပြီ။ ငါ လက်ထပ်တဲ့အချိန်ကျရင် နင်တို့ကို သေချာပေါက် အသိပေးမှာပေါ့..." ချောင်ယွီထုန်သည် အပြုံးလေးဖြင့် ယဉ်ယဉ်ကျေးကျေးပြောနေသော်လည်း သူမ၏ စိတ်ထဲတွင်တော့ ထိုကျောင်းသားဟောင်းများ အုပ်စုကို အလွန် မနှစ်သက်နိုင်လေချေ။

သူမသည် ဤနေရာသို့ မလာချင်ခဲ့ပေ။

"ယွီထုန်... ငါကတော့ မိန်းကလေးတစ်ယောက်က ကလေးအရွယ်နဲ့ လူကြီးအရွယ်ကြားမှာ ဆယ့်ရှစ်ခါ ပြောင်းလဲတယ်ဆိုတဲ့ အကြောင်းအရာကို အခုလေးတင် နားလည်သွားတယ်။ နင်က အခု အရမ်းကို လှပနေတာပဲနော်။ ငါတို့ ကျောင်းသူဘဝတုန်းက အန်းရှထက်တောင် ပိုလှနေသေးတယ်..."

သူတို့သည် အန်းရှ၏ပုံစံကိုလည်း မသိသလို ကျောင်းသားဘဝမှ ရုပ်ဆင်းသွင်ပြင်များကိုလည်း အမှတ်မရတော့ချေ။ သူတို့၏ ကျောင်းအလှလေးသည် သူများကို တုပတတ်သူဖြစ်ပြီး အစွန့်ပစ်ခံထားရသော ကောင်မလေးတစ်ယောက် ဖြစ်သည်ဟုသာ မှတ်ယူထားလေသည်။ သူမသည် ချမ်းသာကြွယ်ဝပြီး ပြီးပြည့်စုံသော သတို့သားလောင်းကို ပိုင်ဆိုင်ထားသော ချောင်ယွီထုန်ထက် များစွာ နိမ့်ကျနေမည် ဖြစ်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now