75 01
"အပိုင်း (၇၅)"
ထိုကလေးသည် သူမအား အဘယ်ကြောင့် ထိုကဲ့သို့သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေရသနည်း။ ထိုကလေးသည် ငိုချင်နေ၍လား။
သူမသည် ထိုကလေး၏ မျက်နှာအမူအယာကို လွဲမှားစွာ ကောက်ချက်ချမိနေသည်လား။ သူမသည် ထိုကလေးနှစ်သက်သော ထောင်ကျစ်ရှင်းအား အနိုင်ကျင့်နေသည့်အတွက် ထိုကလေးက ဒေါသထွက်သွား၍ ငိုချင်နေသည်လား။
အန်းရှသည် မော့ကျားရှုအား တွေဝေစွာ ကြည့်လိုက်သောအခါ ထိုကလေးသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်တော့သည်။
"အမေ... အမေ..."
ထိုကလေးသည် လွန်စွာ စိတ်လှုပ်ရှား ဝမ်းနည်းနေပုံရလေသည်။
အန်းရှသည် မျက်ရည်လွယ်သူ ဖြစ်သည့်အလျောက် တော်တော်လေးကို ငိုချင်မိနေပြီ ဖြစ်သည်။
မော့ကျားရှု၏ အမူအယာကို မြင်လိုက်ရသောပခါ သူမသည် မိမိကိုယ်ကို ထိန်းချုပ်ထားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် ရင်းနှီးသော ဆက်ဆံရေး မရှိကြသောကြောင့်ပင်။
သို့သော် သူမသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ကာ သူ့ထံသို့ လျှောက်သွားလိုက်တော့သည်။ "ကျားရှု... အဆင်ပြေရဲ့လား။ သားက အချိန်တော်တော်ကြာအောင် အိပ်ပျော်နေခဲ့တာ။ တစ်နေရာရာက အဆင်မပြေဖြစ်နေသေးလား..."
အန်းရှသည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ကာ အဖျားရှိမရှိ စမ်းသပ်ပေးရန် မော့ကျားရှု၏ နဖူးပေါ်သို့ တင်ထားလိုက်တော့သည်။
သူ၏နဖူးပေါ်တွင် အန်းရှ၏ နူးညံ့ပြီး နွေးထွေးမှုကို ခံစားလိုက်ရသောအခါ မော့ကျားရှုသည် ပြင်းထန်စွာ ငိုကြွေးလေတော့သည်။
သူသည် သန်မာသော ကလေးတစ်ဦးဖြစ်ကာ လူအများက ကြောက်ရွံ့ရသော်လည်း ယခုအချိန်တွင်တော့ ကလေးတစ်ဦးကဲ့သို့သာ ငိုကြွေးနေလေတော့သည်။
"အမေ... သား အမေ့ကို သတိရတယ်..." သူသည် အက်ကွဲနေသောလေသံဖြင့် ပြောလိုက်ကာ သူ၏အသံထဲတွင်လည်း မှီခိုအားထား၍ ချစ်ခြင်းများနှင့်သာ ပြည့်နှက်နေတော့သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်