အပိုင်း (၁၀၄)
"အန်း... မင်းက ငါမြင်ဖူးသမျှထဲမှာ အကွဲပြားဆုံး ပြိုင်ပွဲဝင် တစ်ယောက်ပဲ။ မင်းရဲ့မျက်နှာက အရမ်းကို အံ့သြဖို့ကောင်းတယ်။ ဘယ်လို မိတ်ကပ်မျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လို ဇာတ်ကောင်မျိုးပဲလာလာ မင်းရဲ့မျက်နှာက ပြောင်းလဲပစ်နိုင်တယ်..."။ အန်းရှအား ထိုကဲ့သို့ မှတ်ချက်ပေးနေချိန်တွင် ဝမ်လန်သည် စိတ်လှုပ်ရှားနေလေသည်။
သူမသည် အန်းရှ၏ အသွင်အပြင်ကို အလွန်နှစ်သက်နေပုံရလေသည်။
ဒိုင်လူကြီးများ၏ ချီးကျူးမှုများကို ရရှိလိုက်သောအခါ အန်းရှသည် ပျော်ရွှင်စွာဖြင့် သူမ၏ နှုတ်ခမ်းများကို တင်းတင်း စေ့ထားလေသည်။
အန်းရှ၏မျက်နှာပေါ်မှ အပြုံးများသည် ကြာရှည်မခံလိုက်ပေ။ သူမသည် မကြာခင်တွင် ပြောဆိုမှုများကို ခံလိုက်ရတော့သည်။
"ပြိုင်ပွဲဝင် နံပါတ် ၆၆... ငါသာ ဒါရိုက်တာဆိုရင် မင်းကို အဖွဲ့ထဲမှာ ပါဝင်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ ဒီဇာတ်ကောင်မှာ သရုပ်ဆောင်ခိုင်းဖို့ဆိုတာ ဝေလာဝေးပဲ..." သွမ်ချင်၏ စကားလုံးများသည် ပျော်ရွှင်နေသော အန်းရှအား ကြောင်စီစီဖြစ်သွားစေလေသည်။
သူမသည် သွမ်ချင်အား အံ့ဩစွာ ကြည့်လိုက်လေသည်။ ထိုသူသည် အဘယ်ကြောင့် သူမအား ထိုကဲ့သို့ ပြောသည်ကို နားမလည်နိုင်တော့ချေ။
"မင်းရဲ့ ရုပ်ဆင်းသွင်ပြင်က ဇာတ်လမ်းတစ်ခုလုံးရဲ့ ဟန်ချက်ကို လုံးဝ ပျက်ပြားသွားစေတယ်။ မင်းက ဘာကို သရုပ်ဆောင်နေတာလဲ။ မင်းက ဇာတ်ပို့နေရာကို သရုပ်ဆောင်နေတာမလား။ ဇာတ်ပို့ဆိုတာက ဇာတ်လိုက်ကို ပံ့ပိုးပေးရတာလေ။ ဒါပေမဲ့ မင်းအခု ဘာလုပ်လိုက်သလဲ။ ဇာတ်လိုက်နေရာကို လုယူလိုက်ပြီး မိတ်ကပ်ကလဲ အရမ်းထင်ပေါ်လွန်းတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အခြားသူတွေရဲ့ တောက်ပမှုတွေက မင်းကြောင့် ပျောက်ကွယ်သွားရပြီး လူတိုင်းက မင်းကိုပဲ အာရုံစိုက်နေကြတယ်။ ဒါပေမဲ့ မင်းရဲ့ သရုပ်ဆောင်မှုစွမ်းရည်က လုံးဝကို ထင်ပေါ်မနေဘူး။ အဲဒါက မိနစ် ၉၀ ရိုက်ကူးရမဲ့ ရုပ်ရှင်ကို မိနစ် ၂၀ လောက်နဲ့ ပြီးသွားစေတယ်။ မင်းရဲ့ သရုပ်ဆောင်မှုတွေက ငါ့ကို စိတ်ပျက်စေတယ်..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်