အပိုင်း (၁၃၂)
"အမေ အစ်ကိုကြီးက အရမ်းကို အလုပ်များတာပဲနော်။ နွေရာသီကျောင်းပိတ်ရက်မှာ သူ့ကို နည်းနည်းတွေ့ရသေးတယ်။ အခု အစ်မကြီးကပါ..."
အန်းမိသားစုသည် လမ်းတစ်လျှောက်တွင် ရယ်မောကာ စကားပြောဆိုလာကြရင်းဖြင့် နောက်ဆုံးတွင် ဟိုတယ်စားသောက်ဆိုင်သို့ ရောက်ရှိသွားကြလေသည်။
ဟိုတယ်သည် တစ်မြို့လုံးတွင် အကောင်းဆုံးဖြစ်နေရသောအကြောင်းမှာ ဟိုတာ်၏ အပြင်အဆင်များကြောင့်ပင် ဖြစ်လေသည်။
ထို့ကြောင့် ဟိုတယ်၏ စားသောက်ဆိုင်သည်လည်း ကြီးမားခမ်းနားကာ ထိုနေရာများသို့ မရောက်ဖူးလေသော အန်းလင်မယားသည် အံ့အားသင့်နေကြတော့သည်။
"အဲဒီလောက်ကောင်းတဲ့ ဟိုတယ်ကြီးကို သူတို့ဘယ်လိုတောင် လက်လွှတ်လိုက်ကြတာလဲ..." အန်းလင်မယားသည် ခံစားချက်အပြည့်နှင့် ပြောလိုက်လေသည်။ သူတို့သည် ဤဟိုတယ်မှာ ပြန်ဖွင့် မဖွင့်ကိုပင် သံသယဝင်နေကြတော့သည်။
"မလမ်နီယမ်ဟိုတယ်က အစပိုင်းတုန်းက အစားအသောက်ပိုင်းကိုပဲ အဓိကထားထားတာ။ ဒါပေမဲ့ ပိုပြီးတော့ ချဲ့ထွင်ချင်လို့ ရင်းနှီးမြှုပ်နှံလိုက်တော့လည်း..."
အန်းရုံသည် ဟိုတယ်နှင့်ပတ်သက်၍ ကောင်းစွာမသိချေ။
သူမသည် ယခင်တုန်းက အလုပ်ကြိုးစားလေသော စာရင်းကိုင်တစ်ယောက် ဖြစ်လေသည်။
သူမသည် စာအုပ်များမှလွဲ၍ အခြားအရာများကို မသိသလို ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍လည်း ဘာမျှမသိချေ။
သို့သော် ယခုတွင်တော့ ခြားနားနေပြီ ဖြစ်လေသည်။
ယခုအချိန်တွင် အန်းရုံသည် မလမ်နီယမ်ဟိုတယ်နှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သလို ဟိုတယ်ဈေးကွက်ကိုလည်း နားလည်နေပြီ ဖြစ်လေသည်။
အန်းရုံသည် ဟိုတယ်နှင့်ပတ်သက်၍ ယုံကြည်မှုရှိစွာ ပြောဆိုနေသောအခါ မိသားစုဝင်များသည် ပြုံးရယ်နေမိလေသည်။
သူတို့၏ အစ်မကြီးသည် ကွာရှင်းခြင်းဟူသော အဖြစ်ကြီးမှ လွတ်မြောက်သွားပြီ ဖြစ်လေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်