31 01
အခန်း ၃၁
အန်းမိသားစု၏ နေအိမ်သည် နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာ အိုဟောင်းနေကာ အိမ်ဈေးသည်လည်း ပေါလွန်းလှပြီး အသံလည်း သိပ်မလုံလှချေ။
အန်းရှသည် အိပ်ပျော်နေဆဲဖြစ်သော်လည်း မူလပိုင်ရှင်၏ ဒုတိယအန်တီဖြစ်သူ၏ စကားများကို ကြားလိုက်ရသောကြောင့် နိုးလာလေတော့သည်။
သူမသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဒုတိယအန်တီဖြစ်သူ ဝမ်ဖောင်မိန်၏ စကားသံများကို နားထဲတွင် ဗလုံးပထွေးကြားနေရသည်။
ထိုစကားလုံးများသည် သူမကို အသရေပျက်အောင် ပြုလုပ်နေသကဲ့သို့ပင်။
တစ်ခွန်းပြီးတစ်ခွန်း လေသံကျယ်ကျယ်ဖြင့် ပြောနေသောကြောင့် အမျိုးသမီးအန်းကို စကားပြန်၍ မပြောနိုင်ရန်ပင် တားဆီးနေသကဲ့သို့ ဖြစ်နေလေသည်။
"သြော်...အစ်မရယ်၊ အစ်မရဲ့ဘဝက ဘာလို့ အဲဒီလောက်တောင် ခါးသီးနေရတာလဲ"
"ဟင်...ယောင်းမ၊ ကျွန်မရဲ့ဘဝက လုံးဝ မခါးသီးနေပါဘူး"
"ဟုတ်ပါပြီ...ကျွန်မတို့က ဆွေမျိုးတွေပဲဟာကို ကျွန်မရှေ့မှာ ဟန်ဆောင်နေစရာ မလိုပါဘူး။ ဒီနှစ်တွေအတွင်း ရှင်တို့မိသားစုရဲ့ အခြေအနေကို ကျွန်မ တွေ့နေရတာပဲလေ။ ဟူး...ကလေးတွေရဲ့ အခြေအနေတွေကို ပြောပြစမ်းပါဦး။ သူတို့တစ်ယောက်မှ..."
ဝမ်ဖောင်မိန့်သည် သူမ၏ စကားကိုတောင် ဆုံးအောင် မပြောရသေးခင် နူးညံ့အိစက်နေသည့် ညအိပ်အဝတ်ကို ဝတ်ဆင်ထားသော အန်းရှကို တွေ့မြင်လိုက်ရသောကြောင့် အံ့သြသွားလေသည်။
"ဟင်း...အမေ၊ ဒုတိယအန်နီ မင်္ဂလာမနက်ခင်းပါ"
အန်းရှသည် သမ်းဝေနေလျက် ပျင်းရိပျင်းတဲဲဖင့် အကြောဆန့်လေလေသည်။ သူမသည် ယခုမှ အိပ်ရာနိုးလာသည် ဖြစ်သော်လည်း သူမ၏ အသံချိုချိုလေးသည် ချိုသာနေတုန်းပင်။
အမျိုးသမီးအန်းသည် ဆိုဖာပေါ်မှထလာရင်း ပြောသည်။ "ရှရှ...မြန်မြန် ကိုယ်လက် ဆေးကြောလိုက်ဦး။ အမေ မနက်စာပြင်ပေးမယ်"
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်