အပိုင်း (၁၂၈)
"ယွီစန်း... ချောက်ယွီကိုအခု ဘာလုပ်သင့်လဲ။ သူက တကယ့်ကို အလုပ်ပဲလုပ်နေတဲ့သူ။ သူကအခု အန်းရှနောက်ကိုလိုက်ဖို့ အလုပ်တောင် ခွင့်ယူပြီးပြီ..."
ထိုကဲ့သို့ ပြောလိုက်ရင်းဖြင့် ချီလိသည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားနေမိပြန်လေသည်။
မော့ယွီစန်းသည် သူတို့နှစ်ဦးကြားမှ ဆက်သွယ်မှု ကြိုးနီလေး တစ်ခုဟု သတ်မှတ်နိုင်လေသည်။
မော့ယွီစန်းသည် အန်းရှအား ကူညီပေးရန် ချောက်ယွီအား အကူအညီမတောင်းခဲ့ဘူးဆိုလျှင် ထိုသူသည် သူမအား တွေ့နိုင်ရန် အခွင့်အရေး ရှိမည်မဟုတ်ချေ။
အခုအချိန်တွင် ချောင်ယွီသည် အန်းရှအား လိုက်ရန် ကြိုးစားနေပြီ ဖြစ်လေသည်။
"အန်းရှက အရမ်းပဲ ကောင်းမွန်နေလို့လား..." မော့ယွီစန်းသည် လက်သီးဆုပ်လိုက်လေသည်။ သူသည် ချောင်ယွီမှာ အန်းရှအား နှစ်သက်သွားရသည့်အကြောင်းကို နားမလည်နိုင်တော့ပေ။
"ဟေး... ယွီစန်း မင်းအနေနဲ့ အန်းရှကို အစကနေ အဆုံးအထိ အထင်လွဲနေတယ်လို့ မထင်မိဘူးလား။ အန်းရှက မင်းထင်သလောက်လည်း ဆိုးဝါးမနေပါဘူး..."
သူတို့နှစ်ဦးသည် မကွာရှင်းခင်က အန်းရှ၏ပုံရိပ်သည် သူ့အပေါ်တွင် ရှင်းလင်းမှုမရှိချေ။
ထိုအစား ကွာရှင်းပြီးနောက်တွင် အန်းရှ၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင် ပို၍ ပြည့်နှက်လာသကဲ့သို့ပင်။
ယခုအချိန်တွင် သူ့အနေနှင့် သိလာရသည်က အန်းရှသည် သူ၏သူငယ်ချင်း ပြောသကဲ့သို့ပင် အရမ်း ဆိုးဝါးနေခြင်းမျိုး မဟုတ်ပေ။
"ငါ့အထင်တော့ မင်းတို့နှစ်ယောက်လုံး ကွာရှင်းပြီးသွားတော့ ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ် ဖြစ်သွားတာပေါ့..." ချီလိသည် မော့ယွီစန်းအား ပုတ်လိုက်လေသည်။
မော့ယွီစန်းသည် ခဏမျှကြာအောင် စဉ်းစားလိုက်ပြီးနောက်တွင် ဝိုင်ခွက်အား ခုံပေါ်တင်လိုက်ကာ ပြောလိုက်လေသည်။ "ငါ နားလည်ပြီ..."
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်