94 01
အပိုင်း (၉၄)
'ဘဝရဲ့ အနားယူအပန်းဖြေချိန်' ရသစုံးရှိုးသည် နာမည်ကြီးပြီး လူကြိုက်များသော အစီအစဉ်တစ်ခု ဖြစ်သောကြောင့် သူ၏ နောက်ဆုံးပိုင်းသည်လည်း စံချိန်တင် မြင့်မားနေမည် ဖြစ်လေသည်။
ထို့အပြင် နောက်ဆုံးပိုင်း မထုတ်လွှင့်မီ သီတင်းတစ်ပတ်အလိုခန့်တွင် အစီအစဉ်အဖွဲ့သားများသည် ထိုရှိုးကို ကြေငြာရန် နည်းလမ်းများစွာ ပြုလုပ်ခဲ့လေသည်။
သူတို့သည် အင်တာနက်ပေါ်တွင် လူသိများစေရန် ရှာဖွေမှုအများနေရာကို ဝယ်ယူထားပြီး 'အလှပဆုံးသော ဥယျာဉ်ကြီး' ဟူသော ခေါင်းစဉ်ကိုပါ ထည့်သွင်းထားလေသည်။
ထို့ကြောင့် နောက်ဆုံးပိုင်း၏ အဆင့်သတ်မှတ်ချက်များသည်လည်း မြင့်မားနေသည် ဖြစ်တော့သည်။
အစီအစဉ်တွင် ပါဝင်ကြသူများသည် နာမည်ကြီးများကြောင့်ပင်ဆိုဆို၊ လှပသော ဥယျာဉ်ကြီးကြောင့်ပင်ဆိုဆို 'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်၏ နောက်ဆုံးပိုင်းသည် ပထမပိုင်းများ၏ စံချိန်ကို ချိုးလိုက်နိုင်လေသည်။
ထိုအစီအစဉ်သည် အမျိုးအစားတူညီမှုရှိသော ရသစုံရှိုးများကြားတွင် အဆင့်သတ်မှတ်ချက် အကောင်းဆုံး အစီအစဉ်တစ်ခု ဖြစ်သွားတော့သည်။
ထို့အပြင် ထုတ်လွှင့်မှုနှင့် အဆင့်သတ်မှတ်ချက်များသည်လည်း အရှိန်အဟုန် မြင့်မားနေလေသည်။
ထိုအရာသည် 'ဘဝရဲ့ အနားယူအပန်းဖြေချိန်' ၏ အဖွဲ့သားများအား ပျော်ရွှင်စေလေသည်။
'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်သည် လူကြိုက်များနေပြီး အနုပညာရှင်ငါးဦးသည်လည်း ရေပန်းစားနေလေသည်။ နာမည်အကျော်ကြားဆုံးမှာ အန်းမိသားစု၏ ဥယျာဉ်ကြီးပင် ဖြစ်လေသည်။
များစွာသော ပရိသတ်များနှင့် ကြည့်ရှုသူများသည် အစီအစဉ်ကို ကြည့်ရှုပြီးကြသောအခါ ဥယျာဉ်ကြီးအကြောင်းကိုပင် ပြောဆိုနေကြတော့သည်။
သူတို့သည် စိတ်ကူးယဉ် နတ်သမီးနယ်မြေမျိုးကဲ့သို့ ဖြစ်နေသော ဥယျာဉ်ကြီးထဲတွင် နေထိုင်လိုစိတ် ပြင်းပြနေကြလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်