Part 81

4.3K 395 2
                                    

81 01

အပိုင်း (၈၁)

နေ့လယ်ပိုင်းတွင် အန်းရှ အိမ်ပြန်ရောက်သွားသောအခါ 'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်မှ အဖွဲ့သားများအားလုံးသည် ရိုက်ကူးပြီးစီးသွား၍ အိမ်ပြန်လောက်ကြပြီဟု သူမ ထင်ထားခဲ့လေသည်။

သို့သော် သူမ အိမ်ပြန်ရောက်ချိန်တွင် ဟော်စစ်သည် ထိုနေရာတွင် ရှိနေသေးသည်။

"ရှင် ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေသေးတာလဲ..."

အန်းရှ၏မျက်ဝန်းများသည် ပြူးကျယ်သွားလေသည်။ သူမသည် သူမ၏ ဥယျာဉ်ထဲတွင် ရှိနေသေးသော နာမည်ကြီးမင်းသားကို ကြည့်နေမိလေသည်။

"ရိုက်ကူးရေး ပြီးသွားပြီ မဟုတ်ဘူးလား..."

အန်းရှ၏ အံ့သြမှုများကို အန်းလင်မယားမှ ပြန်လည် ဖြေဆိုပေးလိုက်လေသည်။ "ရှရှ... ရှောင်စစ်က အမေတို့ရဲ့ ပထမဦးဆုံး ဧည့်သည်လေ..."

အန်းရှ၏ မိဘများသည် ဟော်စစ်အား ရှောင်စစ်ဟု ခေါ်ဆိုရခြင်းကို သဘောကျနှစ်သက်ပြီး ဖြစ်နေလေသည်။

သူမသည် အံ့အားသင့်နေလေသည်။

သူမအနေဖြင့် အိမ်တွင်မရှိသော ရက်အနည်းငယ် အတောအတွင်းတွင် မည်သည့်ကိစ္စများ ဖြစ်သွားခဲ့လေသနည်း။

သေချာသည်မှာ သူမ၏မိဘများသည် နာမည်ကြီးများနှင့် ဆက်ဆံပြောဆိုရသည်ကို မနှစ်သက်လှပေ။

ဟော်စစ်သည်လည်း ဖော်ရွေကောင်းမွန်လှသော သူတစ်ယောက်မဟုတ်ပေ။

သူတို့သည် အဘယ်ကြောင့်များ လွန်စွာ ရင်းနှီးနေရသနည်း။

သူမသည် သူမ၏အခန်းထဲသို့ အထုတ်အပိုးများကို ဆွဲယူသွားလေသည်။ သူမသည် အထုတ်အပိုးများကို မဖြည်ရသေးခင်တွင် လင်မယားအန်းသည် စိုးရိမ်စွာဖြင့် အခန်းထဲသို့ ဝင်ရောက်လာလေသည်။

"ရှရှ... ကျားရှုက အခု နေကောင်းသွားပြီလား..."

အန်းရှသည် မိဘများမှာ မော့ကျားရှုနှင့်ပတ်သက်၍ အလွန်စိတ်ပူနေကြသည်ကို သိရှိလေသည်။ ထို့ကြောင့် သူမသည် ဖုန်းကိုထုတ်လိုက်၍ တစ်ဖက်သို့ ဗီဒီယိုကော ခေါ်လိုက်လေတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Tahanan ng mga kuwento. Tumuklas ngayon