အပိုင်း (၇၁)
သူမသည် မနက်စာ စားသောက်ပြီးသောအခါ သူမသည် အကြောင်းတစ်စုံတစ်ရာကြောင့် အပြင်သွားရမည့်အကြောင်းကို ဒါရိုက်တာအဖွဲ့သို့ ပြောကြားကာ ဟင်းချက်နည်းများကိုလည်း အမျိုးသမီးအန်းဆီသို့ လွှဲပေးခဲ့လေသည်။ ထို့နောက် သူမသည် အထုတ်ကိုဆွဲကာ လင်မယားအန်းမှ မော့ကျားရှုအတွက် ပြင်ဆင်ပေးထားသော လက်ဆောင်များကို သယ်ဆောင်လာခဲ့ပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေလေပြီ။
သို့သော် သူမသည် လေဆိပ်သို့သွားရန် အစ်ကိုဖြစ်သူ၏ ကားထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် သူမကို ပိန်ပိန်ပါးပါး အသွင်သဏ္ဍာန်တစ်ခုက တားဆီးလိုက်လေသည်။
"မင်း သွားတော့မလို့လား..." ဟော်စစ်သည် အန်းရှကို နီးကပ်စွာ စိုက်ကြည့်နေလေသည်။ သူ၏မျက်ဝန်းများထဲတွင် မပျော်ရွှင်နေသော အရိပ်အယောင်မျိုးကို ရရှိနေလေသည်။
"ဟုတ်တယ်..." အန်းရှသည် ဟော်စစ်ကို အံ့သြစွာ ကြည့်နေမိလေသည်။
"မင်း ဒီအကြောင်းကို မနက်စာ စားနေတုန်းက ဘာဖြစ်လို့ မပြောပြခဲ့တာလဲ..."
"ဟင်..." အန်းရှသည် လုံးဝကို အံ့သြသွားမိလေသည်။
သူတို့သည် အကြောင်းကိစ္စမှန်သမျှကို ပြောပြရန် ရင်းနှီးသော ဆက်ဆံရေးရှိနေကြသူများ မဟုတ်ကြပေ။
ထိုနာမည်ကြီးမင်းသား၏ ယခုကဲ့သို့ ဖြစ်နေရသောအကြောင်းမှာ သူသည် သူမ ချက်ပြုတ်ပေးသော အစားအစာများကို မစားရဘဲနှင့် မနေနိုင်သောကြောင့် ဖြစ်နိုင်လေသည်။
"ဟင်... ဘာဖြစ်လို့လဲ။ ကျွန်မအမေလည်း အရသာရှိတဲ့ အစားအသောက်တွေကို ချက်ပြုတ်တတ်ပါတယ်..."
ထိုကဲ့သို့ စဉ်းစားမိသည့်နောက် အန်းရှသည် ဟော်စစ်ကို ရိုးရိုးသားသား နှစ်သိမ့်ပေးလိုက်တော့သည်။
ဟော်စစ်သည် သူမအနေဖြင့် မထင်မှတ်ထားသော စကားတစ်ခွန်းကို ပြောလိုက်လေသည်။ "ငါတို့က မိတ်ဆွေတွေ ဖြစ်နေကြပြီလို့ ထင်ခဲ့တာ..."
ထိုစကားတစ်ခွန်းသည် သူမအတွက်တော့ ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သွားလေသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်