အပိုင်း (၁၂၉)
"ဟော်စစ်က ဘာဖြစ်လို့ အနုပညာအလုပ်တွေကို ရပ်နားလိုက်တာလဲ။ မဖြစ်သင့်ဘူးလေ..."
နိုင်ငံခြားသို့ အလည်ထွက်နေရာမှ ပြန်လာသော ကျောင်းမီနီသည် ထိုသတင်းကို သိလိုက်ရသောအခါ အံ့ဩသွားရလေသည်။
သူမသည် ဝတ္ထုထဲတွင် ဟော်စစ်အကြောင်း ဖော်ပြထားသော စကားလုံးထောင်ပေါင်းများစွာအား အားစိုက်၍ စဉ်းစားနေတော့သည်။
သူမသည် ဟော်စစ်အနေဖြင့် စောစီးစွာ ရပ်နားမည့်အကြောင်းအား ရှာမတွေ့နိုင်ချေ။
ဟော်စစ်သည် အနားယူလိုက်မည်ဆိုလျှင် လက်ရှိတွင် နားမည်ကြီးဖြစ်နေကာ သူ၏အောင်မြင်မှုများအား ကျော်လွှားနိုင်မည့်သူလည်း ရှိမည် မဟုတ်ချေ။
ဟော်စစ်သည် ယခုအချိန်တွင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း အများက လုံးဝ မကျော်တက်နိုင်သော အနေအထားမျိုးတော့ မရောက်ရှိသေးချေ။
ထို့ကြောင့် ယခုအချိန်တွင် ဟော်စစ်သည် ထွက်ခွာသွားမည် မဟုတ်ပေ။
ကျောင်းမီနီသည် ထိုသို့ စဉ်းစားလိုက်ခြင်းဖြင့် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလိုက်လေသည်။
သူမ၏ နှလုံးသားသည် တင်းကြပ်လာခဲ့တော့သည်။
လူတစ်ယောက်၏ အနာဂတ်အား ကြိုတင်သိနိုင်ခြင်းမှာ သူမအနေဖြင့် ဤလောကသို့ လာရောက်စဉ်က ရှိနေခဲ့သော အကြီးဆုံး ရွှေလက်ချောင်းကြောင့်ပင် ဖြစ်လေသည်။
အကယ်၍ ဤလက်ချောင်းသာ ပျောက်သွားမည်ဆိုလျှင် သူမသည် မလုံခြုံမှုကို ခံစားရမည် ဖြစ်လေသည်။
သူမသည် ဤဝတ္ထုထဲသို့ လာရောက်လိုက်မှုကြောင့် လိပ်ပြာသက်ရောက်မှုဖြစ်ကာ ဇာတ်ကြောင်းများလည်း ပြောင်းသွားသည်လား။
သို့သော် သူမသည် ဟော်စစ်အား တက်ကြွစွာ ဆက်သွယ်နေသော်လည်း ထိုသူမှာ သူမအား ဂရုမစိုက်ခြင်းမှာတော့ မဖြစ်သင့်ပေ။
သူမသည် ပြဿနာရှာမိခြင်း ဖြစ်နိုင်လေသည်။
ဟော်စစ်သည် လက်ရှိတွင် အနုပညာလောကမှ ထွက်ခွာရန် ကြေငြာလိုက်သော်လည်း ယခုအချိန်ထိတော့ မထွက်ခွာရသေးပေ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်