Part 61

5.3K 510 3
                                    

အပိုင်း (၆၁)

အန်းရှသည် ဟော်စစ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ထိုအစားအသောက်များသည် သူမကိုယ်တိုင်ချက်ပြုတ်၍ ဗီဒီယိုများ ရိုက်ကူးထားကာ အင်တာနက်ပေါ်သို့ မျှဝေထားသော ဟင်းလျာများ မဟုတ်လား။

သူမသည် ပို၍ တွေးတောမိလေလေ ပိုမို၍ ထူးဆန်းလာလေလေဟု ခံစားနေရလေသည်။

"မင်း အဲဒါတွေ အကုန်လုံးကို ချက်ပြုတ်ပေးနိုင်မလား..."

ဟော်စစ်၏ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို တွေ့လိုက်ရသောအခါ အန်းရှသည် မသိလိုက်ဘာသာဖြင့် ခေါင်းညိတ်လိုက်တော့သည်။

အန်းရှသည် လျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း တစ်ဖန် ခေါင်းခါလိုက်ပြန်သည်။ "ရှင် အဲဒီ ဟင်းပွဲတွေအားလုံးကို တစ်ယောက်တည်း မစားနိုင်ဘူးလေ..."

ဟော်စစ်သည် အန်းရှကို သေသေချာချာကြည့်လိုက်၍ လေးနက်စွာ ပြန်ပြောလိုက်လေသည်။ "သိပ်မများပါဘူး... ကျွန်တော်က ကောင်းကောင်းစားနိုင်ပါတယ်..."

အခြားသောဧည့်သည်များနှင့် ရိုက်ကူးရေး အဖွဲ့သားများသည် ထိုစကားများကို နားထောင်နေကြရင်းဖြင့် မှင်တက်စွာ တီးတိုးပြောဆိုနေကြလေသည်။

သူတို့သည် စိတ်ထဲမှ တီးတိုးပြောဆိုနေကြသည်မှာ: 'မင်း ကောင်းကောင်းစားနိုင်တယ်ဆိုတာ သေချာလို့လား။ နောက်ပိုင်း အစီအစဉ်အပိုင်းတွေမှာ ဟော်စစ်က စားသောက်ဖို့ ငြင်းဆိုလိုက်တယ်ဆိုတဲ့ ဗီဒီယိုတွေကို ထည့်ပေးဖို့ သတိရပေးပါ။ သူက အသားအသောက်တွေစားနေရတာကို အဆိပ်စားနေမိသလိုမျိုး ဖြစ်နေတယ်ဆိုတဲ့ ဗီဒီယိုတွေကိုလည်း ထည့်သွင်းပေးပါဦး။ ကျေးဇူးပါ'။

ဟော်စစ်၏ မရမက တောင်းဆိုနေမှုကြောင့် အန်းရှသည် မျက်တောင်တစ်ချက် ခပ်လိုက်၍ သူ၏ တောက်ပနေသော မျက်ဝန်းများကို အရှုံးပေးလိုက်တော့သည်။ "အဲဒါဆိုလည်း ကောင်းပြီလေ။ ရှင် အစားအသောက်တွေကို ဖြုန်းတီးလို့ မရဘူးနော်..."

ထိုအရာသည် ပြဿနာတစ်ခု မဟုတ်ပေ။

အန်းရှသည် ဤနေရာတွင် အစီအစဉ်အဖွဲ့သားများ များစွာ ရှိနေကြသည်ဟု တွေးလိုက်မိလေသည်။ အကယ်၍ အစားအစာများ ကျန်ရှိနေလျှင် အခြားသူများလည်း စားသုံးနိုင်မည် ဖြစ်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now