25 01
အခန်း ၂၅
အန်းရုံ၏ ဘယ်ဘက်မျက်ခွံသည် တဖျပ်ဖျပ်ခတ်နေသောကြောင့် သူမ စိုးရိမ်မိသွားသည်။
"အစ်မ အန်းရုံ...ဘာဖြစ်လို့လဲ"။
"ငါလည်း ဘာဖြစ်မှန်းမသိဘူး၊ ဘယ်ဘက်မျက်ခွံက ခုန်နေသလိုပဲ"။
"ဘယ်ဘက် မျက်လုံးလား၊ ဘယ်ဘက်မျက်လုံး လှုပ်တာဆိုရင် ချမ်းသာကြွယ်ဝ လာမှလား၊ ကံဆိုးမိုးမှောင် ကျလာမှာလား၊ အစ်မအန်းရုံ ခဏနေဦး ကျွန်မ အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်ဦးမယ်..."
အန်းရုံသည် ဝင်လာသော စာတိုတစ်စောင်ကြောင့် သူမ၏ လုပ်ဖော်ကိုင်ဖက်၏ တုံ့ပြန်မှုကိုပင် မစောင့်နိုင်တော့ပေ။
"အစ်မ အန်းရုံ...ဘာလုပ်နေတာလဲ။ အခုက အလုပ်ဆင်းချိန်တောင် မရောက်သေးဘူးလေ"။ အန်းရုံ၏ လုပ်ဖော်ကိုင်ဖက်က မေးလိုက်လေသည်။
"ငါ အခု အလုပ်ဆင်းမှ ဖြစ်တော့မယ်။ အိမ်မှာ အရေးကြီးကိစ္စဖြစ်နေလို့။ သူဋ္ဌေးလာရင် ငါ့ကို ခွင့်တိုင်ပေးထားပါဦး"။
သူမသည် ကုမ္ပဏီမှ အလျင်စလို ထွက်ခွာလာခဲ့လျက် စက်ဘီးကို ယူလိုက်ပြီးနောက် သူမနေထိုင်ရာ အဆောက်အအုံဆီသို့ ထွက်ခွာလာခဲ့တော့သည်။
အန်းရုံသည် လျှပ်စစ်စက်ဘီးကို မစီးနင်းခင်တွင် သူမ၏ အိမ်မှ ဒုတိယသားဖြစ်သူ အန်းသုံဆီသို့ အလျင်အမြန် ဖုန်းခေါ်လိုက်သည်။
"ဟေး...အန်းသုံ ဘာကိစ္စပဲရှိရှိ အိမ်ကို အခုချက်ချင်း မြန်မြန်ပြန်လာခဲ့။ ငါတို့ညီမလေး ဒီနေ့ အိမ်ပြန်ရောက်လာပြီ။ ဝမ်ရှောင်ချင်း ပြောတာကတော့ ညီမလေးက အိမ်ကိုရောက်ရောက်ချင်းပဲ အမေဆူတာ ခံလိုက်ရတယ်တဲ့။ ငါတို့ အိမ်ကို မြန်မြန်ပြန်ပြီး ညီမလေးကို ကူညီပေးမှရမယ်"။
အန်းသုံသည်လည်း တူညီသော လုပ်ရပ်ကို ပြုလုပ်ခဲ့ရလေသည်။
"မန်နေဂျာ...အိမ်မှာ အရေးကြီးကိစ္စ ဖြစ်နေလို့ ကျွန်တော် အခုချက်ချင်း ခွင့်ယူချင်လို့ပါ"။
အန်းသုံသည် အကြီးဆုံးအစ်မဖြစ်သူ အန်းရုံကဲ့သို့ ကံကောင်းလှသူမဟုတ်ပါ။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်