23 01
အခန်း ၂၃
သူမသည် အသက် ၅၀ ခန့်သာရှိသေးသော်လည်း ဆံပင်များသည် ဖြူလို့နေပြီး ပါးရေနားရေများပင် တွန့်နေလေသည်။ တစ်စုံတစ်ဦးသည်သာ သူမကို အသက် ၆၀ ဟု ပြောမည်ဆိုလျှင်တောင် ယုံနိုင်ကြမည် မဟုတ်ပေ။
ထိုသူ၏ဘဝသည် ဖြောင့်ဖြူးသာယာခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု မြင်သူတိုင်း ပြောနိုင်သော အခြေအနေမျိုးဖြစ်သောကြောင့် အန်းရှသည် ထိတ်လန့်မိလေသည်။
ထိုအမျိုးသမီးသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်မှတဆင့် သူမမြင်တွေ့ခဲ့ဖူးသော သူနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် များစွာကွဲပြားနေလေသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်တော့ သူမသည် ပန်းလေးတစ်ပွင့်ကဲ့သို့ပင် လှပချောမောလှသူ ဖြစ်သည်။
သူမသည် ပညာသိပ်မသင်ခဲ့ရဘဲ မြို့သူတစ်ဦး မဟုတ်ခဲ့သော်လည်း လှလှပပ ဝတ်စားဆင်ယင်ရခြင်းကို တပ်မက်သူဖြစ်လေသည်။
သို့သော် အန်းရှ၏ အရှေ့တွင်ရပ်နေသော ထိုအမျိုးသမီးသည် လှလှပပ ဝတ်စားပြင်ဆင်မှုတို့နှင့် လားလားမျှ မသက်ဆိုင်သူတစ်ဦးကဲ့သို့ ဖြစ်နေလေတော့သည်။
ထိုအမျိုးသမီး၏ ဆံပင်များမှာ ဖြူနေ၍ ကောက်လိမ်နေသည့်အပြင် အသားအရည်မှာလည်း ကြမ်းတမ်း၍ ဝါညစ်နေလေသည်။ သူမ၏ ရုပ်ဆင်းသွင်ပြင်သည် ချောမောလှပနေသည် ဆိုလျှင်တောင် သူမ၏အတွင်းစိတ်သည် အိုမင်းကြမ်းတမ်းနေပြီ ဖြစ်သောကြောင့် ခပ်ဝဝအန်တီဝမ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် များစွာနိမ့်ပါးနေတော့သည်။
အန်တီဝမ်သည် အသက်အရွယ်အားဖြင့် ပို၍ငယ်ရွယ်လေသည်။
မူလပိုင်ရှင်၏အမေသည် သူမကို ဆူနေသည့်အချိန်တွင် အန်းရှသည် ကြက်သေသေနေလျက် မည့်သည့်စကားကိုမျှ ပြန်မပြောခဲ့ပါ။ "နင် ဒီကို ဘာလာလုပ်တာလဲ။ နင် ငါတို့ကို အထင်သေးနေတာ မဟုတ်ဘူးလား။ နင် ငါတို့အိမ်ကို ပြန်မလာချင်တော့ဘူးမလား။ အခု ဘာလာလုပ်တာလဲ"။
"သမီးက..."
အန်းရှသည် မျက်နှာပင် နီမြန်းလာ၍ မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေလေသည်။
VOCÊ ESTÁ LENDO
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်