ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)Chapter (17)
ပြန်လည်စတင်ခြင်းဦးလေးသုံးက ဒီအထိပြောတဲ့အခါ သူသိသမျှ နဂါးသွေးကြော အဝင်အထွက်တွေ အကြောင်း ပြောပြသည်။ ပြောပြီးနောက် နှစ်ယောက်စလုံး သက်ပြင်းချလိုက်သည်။ ဦးလေးသုံးသည်လည်း စိတ်ပူပင်မှု ကင်းသွားသလို စိတ်အေးလက်အေး ဖြစ်သွား၏။
နှစ်ယောက်စလုံး ငြိမ်သွားပြီး ဦးလေးသုံးက ရေချိုးခန်းသုံးဖို့ ထွက်သွားတော့ ဝူရှဲ့ မျက်လုံးကိုမှိတ်ပြီး အစအဆုံး ပြောပြခဲ့တာတွေကို ပြန်စဥ်းစာကြည့်လိုက်မိသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် အရာများကို ရှင်းလင်းပြတ်သားစွာ ခွဲထုတ်နိုင်ခဲ့သည်။
အလုံးစုံ 100% ရှင်းရှင်းလင်းလင်း ဖြစ်သွားတာ မဟုတ်သော်လည်း ချိုသဲ့ခေါင်နှင့် ဦးလေးသုံးတို့ကြားက အကြောင်းရင်းနှင့် နောက်ဆက်တွဲအများစုမှာ ရှင်းရှင်းလင်းလင်း ဖြစ်လာပြီ ဖြစ်သည်။ သူ မသိသောအရာမှာ နှစ်ခု သို့မဟုတ် သုံးခုသာ ရှိတော့သည်။
ဦးလေးသုံး အနေနဲ့ကတော့ ပင်လယ်ရေအောက် ဂူသင်္ချိုင်းက အတွေ့အကြုံဟာ အိပ်မက်ဆိုးရဲ့ အစဖြစ်ပြီး မြေအောက်လောကသား အဖြစ် တဖြည်းဖြည်း ရင့်ကျက်လာဖို့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်လာခဲ့လေ၏။ ရှေးဟောင်း သင်္ချိုင်းတွင်း၌ ပျောက်ကွယ်သွားသော ရှေးဟောင်း သုတေသနအဖွဲ့ကို ရှာဖွေရန်အတွက် သူသည် သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားခဲ့သည်ဟု ဆိုနိုင်သည်။ သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားတဲ့ ငွေနဲ့ အချိန်ကို ထည့်ပြောနေစရာပင် မလိုတော့ပေ။
တိမ်ထိပ် ကောင်းကင်နန်းတော်မှာလည်း အားနင်နဲ့ တခြားသူတွေရဲ့ ရောက်ရှိလာမှုကို နှောင့်နှေးစေဖို့အတွက် သူ့အသက် မွေးဝမ်းကြောင်း အလုပ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ရသည်။ ချောင်ရှားမှာရှိတဲ့ ကောင်လေးတွေ အားလုံးလည်း လူစုခွဲလိုက်ကြပြီ။ ဦးလေးသုံးသည် အိမ်တော်ကြီး ၉ခုရဲ့ သားစဉ်မြေးဆက်များထဲမှ အကောင်းဆုံး တစ်ဦးဟု ဆိုသင့်သော်လည်း ယခုအခါ အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
УжасыVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ