ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (23)
သံတုံးဤသံအပိုင်းအစသည် လက်မအရွယ်ခန့်သာ ရှိသည်။ အံ့သြစရာ ကောင်းသည်မှာ ဤသံတုံးသည် သံချေးများ စွန်းထင်းနေသော်လည်း ပိုမိုချောမွေ့သည်။ လက်ဖက်ရည်ဘူးကဆို ပိုသန့်ရှင်းပြီး သူ့အပေါ်မှာရှိတဲ့ ပုံစံတွေကိုတောင် ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါသေးသည်။
မျက်နှာသေရဲ့ ကုတင်အောက်ရှိ သံတုံး၏ အရုပ်ဆိုးသော အသွင်အပြင်သည် တစ်စုံတစ်ဦးမှ အက်ဆစ်ဖြင့် သွန်းလောင်းခဲ့ခြင်းကြောင့်လားဟု တွေးခဲ့ဖူးသည်။ ယခုတော့ အမှန်ပင် ဖြစ်ပုံရသည်။ ဤသံတုံးမျိုးသည် နဂိုကတည်းက ယခုလိုပုံစံ ဖြစ်လိမ့်မည်။ ထူထဲသော ဘူးအပိုင်းအစ အစား ၎င်းတွင် အလွန်လက်ရာမြောက်သော အလှဆင်ပုံစံများဖြင့် ခြယ်သထားသည်။ ဝူရှဲ့ အကဲဖြတ်ခြင်းမှာ အလွန်ကောင်းမွန်သော အနုပညာလက်ရာ တစ်ခုဖြစ်သည်။
သံတုံးငယ်တွင် ပုံမှန်မဟုတ်သော အပိုင်းများပါရှိပြီး ၎င်းတို့သည် သံတုံးကိုယ်ထည် တစ်ခုလုံးအပေါ် ဖုံးအုပ်ထားတာမျိုး လုံးဝ မဟုတ်ကြောင်း သိသာထင်ရှားသည်။ ၎င်းက သံတုံးငယ်ပေါ် တစ်စုံတစ်ခု လာကပ်နေသလိုမျိုးပင်။ ဤသံအပိုင်းအစများသည် ကြီးမားသော သံကိရိယာတစ်ခု သို့မဟုတ် အများအပြားမှ ထွက်လာတာ ဖြစ်ပေလိမ့်မည်။
ရေထဲကို ခြေချရင်း ဝူရှဲ့စိတ်တွေ လျင်မြန်စွာ လည်ပတ်နေသည်။ ဒီအချက်မှာ အခြေခံအားဖြင့် သူ့ခန့်မှန်းချက်တွေနဲ့ ဆက်စပ်လာသလို ခံစားလာရ၏။ အခုမေးခွန်းက ရှင်းသွားပါပြီ။ လက်ရှိ အခြေအနေက အချက်နှစ်ချက်ကို ညွှန်ပြနေပါသည်။
ဝူရှဲ့ရဲ့ ထင်မြင်ယူဆချက် မှန်ကန်သလား။ ရှေးဟောင်း သုတေသနအဖွဲ့ ဒီနေရာကို ပြောင်းရွှေ့ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိမရှိ သူတို့ရဲ့ စက်ပစ္စည်းနဲ့ သဲလွန်စတွေကို ဆက်လက် ရှာဖွေနေရမည်။ ရေကန်ထဲကို ပစ်ချလိုက်တဲ့ အလောင်းတွေ အနီးအနားမှာ ရှိနေမယ်လို့ ထင်ရသည်။ ရေကန်အောက်ခြေမှာ ရှေးဟောင်းရွာ ကိစ္စက ရှိသေးသည်။ တောင်တန်းတွေရဲ့ အနက်ပိုင်းထဲက ရေကန်အောက်ခြေကို ရွာက ဘယ်လိုလုပ် နစ်မြုပ်သွားတာလဲ။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
TerrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ