Vol 5🐉66🐉 ဒုတိယဓာတ်ပုံဟောင်း

96 15 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (66)
ဒုတိယဓာတ်ပုံဟောင်း

ဓာတ်ပုံကို E-MAIL မှ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဖန့်ကျစ်သည် အီးမေးလ်ပို့ပေးသည့် အကြောင်းကို ဘာမှမသိသောကြောင့် ဝူရှဲ့မှာ ဓာတ်ပုံလေး လက်ခံရရှိအောင် အချိန်တစ်နာရီ ကြာအောင် သင်ပေးခဲ့ရသည်။

၎င်းမှာ အလွန်ဟောင်းနွမ်းနေသည့် ဓာတ်ပုံတစ်ပုံဖြစ်ပြီး အဝါရောင်ဖျော့ဖျော့ ဖြစ်နေသည့်တိုင် ဓာတ်ပုံထဲတွင် ပါနေသည့်အရာကို မြင်နေရဆဲဖြစ်သည်။ ဖန့်ကျစ်သည် ဘာကြောင့် မသေချာကြောင်း၊ ဘာကြောင့် "သရဲ"ဟု ခေါ်ကြောင်း ဓာတ်ပုံကို ကြည့်ပြီးမှသာ နားလည်သွားခဲ့ရသည်။

ထိုဓာတ်ပုံဟောင်းကို အိမ်ဟောင်း တစ်ခုထဲတွင် ရိုက်ယူထားပုံပင်။ နောက်ခံပုံမှာ မျက်နှာပြင်တစ်ခုဖြစ်ပြီး ဓာတ်ပုံသည် အလွန်ဖြူသောကြောင့် အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း စခရင်နောက်တည့်တည့်တွင် မတ်တပ်ရပ်နေသည့် ရုပ်ပုံတစ်ပုံကို မြင်တွေ့ရသည်။

အလင်းသည် ဖန်သားပြင်၏ နောက်ကွယ်မှဖြတ်၍ လင်းလက်နေပြီး လူပုံသဏ္ဌာန်မှာ အလွန်ကြောက်စရာ ကောင်း​နေသည်။ ထိုလူတစ်ဦး၏ ကိုယ်ဟန် အနေအထားမှာ ထူးဆန်းနေ၏။ ပုံမှန်အားဖြင့် လူတစ်ဦးသည် မတ်တပ်ရပ်သည့်အခါ ဆွဲငင်အား၏ ဗဟိုတွင် အမြဲပြောင်းသွားတတ်သော်လည်း ထိုလူ၏ ပခုံးများ လျှောကျနေသဖြင့် ပထမတစ်ချက်တွင်ပင် ပုံမှန် မဟုတ်ပေ။ ဝူရှဲ့ရဲ့ ပထမဆုံး အထင်အမြင်ကတော့ ဒီလူက လေထဲမှာ တွဲလောင်းကျနေတယ်လို့ ထင်လိုက်တာပါပဲ။

ဖန်သားပြင်ရဲ့ အနောက်မှာ ကြိုးဆွဲချ သေဆုံးနေတဲ့ လူသေတစ်ယောက် ရှိ​နေတာလား။

ဝူရှဲ့မှာ အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးသော ဤဓာတ်ပုံနှင့် ပတ်သက်၍ ဘာမှ မစဉ်းစားနိုင်ပေ။ ဒီဓာတ်ပုံကို မြင်ပြီးရင် အစ်ကိုချူကို သွားရှာရမယ်တဲ့လား။ သူ့မှာ အဲဒီလို ခံစားချက်မျိုး မရှိပါဘူး။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now