ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (37)
ကျောက်စိမ်းသွေးကြောဤစာလုံးများသည် အလွန်ကြမ်းတမ်းပြီး ရုပ်ဆိုးသော ပုံသဏ္ဌာန်များဖြင့် ထွင်းထုထားသော်လည်း ၎င်းတို့သည် အလွန်ပြင်းထန်ပြီး ပြတ်သားသောကြောင့် ဓာတ်မီးဖြင့်ပင် ဖတ်လို့ရသည်။ အနည်းငယ် ပုံပျက်နေပုံကို ကြည့်ရလျှင် အလျင်စလို လုပ်ထားခြင်း ဖြစ်နိုင်သည်။
ဓာတ်မီး၏ ဖန်ခွက်အဖုံးကို ရေစိုခံတိပ်အထူအပါးဖြင့် ဖုံးအုပ်ထားပြီး အရောင်မှာ အပြာရောင် အလင်းတန်းများ ဖြစ်သည်။ ဝူရှဲ မထိန်းနိုင်ဘဲ တိတ်တိတ်လေး ကျိန်ဆဲလိုက်လေ၏။ သေနာ ဖက်တီးရဲ့ သဲလွန်စပေးတဲ့နည်းက သူ့ဝိညာဥ်ကိုတောင် ထုတ်ယူသွားလုနီးပါး ဖြစ်သွားသည်။ အကယ်၍ ရှာဖွေရေးအဖွဲ့ကသာ သူ့လို အဖြစ်အပျက်မျိုးကို တွေ့ခဲ့ရင် သေတဲ့အထိ ကြောက်နေပေလိမ့်မယ်။
ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က အရမ်းရှင်းပါသည်။ သူတို့ အသက်ရှင်နေသေးတယ်လို့ ပြောနေတာပါပဲ။ ဒါပေမဲ့ ကယ်ဆယ်ဖို့ လိုတယ်။ သူတို့တွေကို ရှာတွေ့ဖို့ သဲလွန်စကတော့ ဆိုက်ဖွန်ဒီရေပါပဲ။
ဤဓာတ်မီး အမျိုးအစားသည် အနည်းဆုံး ဆယ်နာရီထက် ပို၍ မတောက်ပနိုင်သဖြင့် ပုတ်သင်ဘီလူးကြီးနှင့် ချိတ်ထားရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။
ဖက်တီးက တကယ်ကို မိုက်မဲလှသည်။ ဒီရေပုတ်သင်ကြီးဟာ အချိန်အတော်ကြာတဲ့ အထိ မပေါ်သေးတာ ထင်ရှားပါ၏။ ဒါ့အပြင် ဤနေရာသည် အောက်ဆီဂျင်ဘူးများကို အသုံးမပြုဘဲ ၎င်းတို့ ပျောက်ကွယ်သွားသည့် နေရာမှ အနည်းဆုံး မီတာတစ်ထောင်ကျော် ကွာဝေးလောက်သည်။
ဝူရှဲ အဲဒါကို မေ့လိုက်သည်။ အောက်ဆီဂျင် မပါဘဲ ပျောက်သွားတဲ့ ထိုနှစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်အကြောင်း ထပ်မတွေးချင်တော့ပေ။ သဲလွန်စကြောင့် သူ့တစ်ကိုယ်လုံး ငြိမ်သက်ကာ ရေတွေကလည်း ကြည်လင် ပြတ်သားလာသလို ခံစားလိုက်ရသည်။ သူတို့ အသက်ရှင်နေတယ်ဆိုတာ သေချာသိပြီးတာနဲ့ တခြားဘာမှ အရေးမကြီးတော့ပါဘူး။ အခု အရေးကြီးဆုံးက လူတွေကို ကယ်တင်ဖို့ပဲ။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ