Vol 4🐉21🐉 အဆုံး

126 27 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)

Chapter (21)
အဆုံး

စကားပြောလာတဲ့ သူငယ်ချင်းကတော့ သူ့ရဲ့ စီနီယာဖြစ်ပြီး သူနဲ့တော့ သိပ်မရင်းနှီးပါဘူး။ ဒီလူတွေဟာ မကြာခဏ အတူတူ ဆော့ကစားကြပြီး တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံတတ်ကြရုံသာ ဖြစ်ပြီး လိုအပ်ရင် အချင်းချင်း ဖေးမကူညီကြကာ အရမ်းကောင်းတဲ့ သူငယ်ချင်းမျိုးပါပဲ။

သူက နည်းပညာအလုပ် လုပ်နေတဲ့ ပုံပေါက်တာကြောင့် အဲဒီအချိန်တုန်းက သူ့ကိုအကူအညီ လှမ်းတောင်းခဲ့တာ ဖြစ်သည်။ ဟုတ်ပါတယ်။ ရှေးဟောင်းပစ္စည်း အကဲဖြတ်သူအနေနဲ့ ဝူရှဲ့အလုပ်မှာ သူနဲ့ဘာမှမဆိုင်ပါဘူး။ သူဘာတွေလုပ်လဲဆိုတာ အတိအကျ မသိပါဘူး။

ဒါပေမဲ့ အခု သူ့စကားက ဝူရှဲ့အား အိပ်မက်မက်သူကို နှိုးဆွပေးလိုက်သလို သတိဝင်သွားစေသည်။

'ဟုတ်သားပဲ ငါဘာလို့အဲဒါကို မစဉ်းစားမိတာလဲ?'

ထိုခေတ်က ချိန်ကိုက် ကင်မရာများ မရှိပေ။ ဟိုင်နန်ရှိ တံငါရွာများတွင် ဓာတ်ပုံစတူဒီယိုများ လုံးဝ မရှိပေ။ ကင်မရာ သုံးနိုင်သူများသည် အမှန်ပင် ရှေးဟောင်း သုတေသနအဖွဲ့၏ အဖွဲ့ဝင်သာ ဖြစ်နိုင်သည်။ ဝူရှဲ့ ခဏလောက် စဉ်းစားပြီးမှ သူပြောတာတွေက အရမ်းကျိုးကြောင်း ဆီလျော်မှန်း သိလိုက်ရသည်။

ဓာတ်ပုံတွေအပါအဝင် ရှီးရှားက ရှေးဟောင်းသုတေသန ဆိုင်ရာ ပစ္စည်းတွေ အများကြီး သူဖတ်ဖူးသည်။ ယေဘုယျအားဖြင့် ဒီလိုအခြေအနေတွေကို မှတ်တမ်းတင်ဖို့ လူသိရှင်ကြား မှတ်တမ်းတင်သူ ရှိလိမ့်မည်။ သို့သော် ဦးလေးသုံးသည် သူ့ဇာတ်ကြောင်းတွင် လူဆယ်ဦးကိုပဲ ဘာ့ကြောင့် အမြဲပြောနေရသလဲ။ ၁၁ယောက်မြောက် လူကို ဘာကြောင့် တစ်ခါမှ မဖော်ပြခဲ့တာလဲ။

ဝူရှဲ့ကို ကြည့်ရင်း ထိုလူများက ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး စီနီယာက ပြောလာ၏။

"မေ့လိုက်ပါ... အဲဒါကို စဉ်းစားမနေနဲ့ စူးစမ်းဖို့ သူတို့ရဲ့ မှတ်တမ်းဟောင်းတွေကို သွားကြည့်ရင် လူဘယ်နှစ်ယောက် ရှိတယ်ဆိုတာ သိနိုင်ပါတယ်.... ရှေးဟောင်း သုတေသနဌာနတွေက ပုံမှန်ဆို ဆက်နွယ်နေတာ... ယဉ်ကျေးမှု စံနှုန်းနဲ့ အဲဒီတုန်းက သူတို့ ဘယ်အဖွဲ့အစည်းကို ပို့လိုက်လဲ ဆိုတာ ဖိုင်တွေ တော်တော်များများကို အပြီးတိုင် ထိန်းသိမ်းထားတာတွေ ရှိနေနိုင်တယ်"

ဝူရှဲ့ ဘာမှ မပြောလိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ခန့်မှန်းချက် တစ်ခုပဲ မဟုတ်လား။ သူ့မှာ အချိန်ရရင် စမ်းကြည့်နိုင်ပါတယ်။ ဒါပေမဲ့ လူ ၁၁ ယောက် ရှိတယ်ဆိုရင် ဦးလေးသုံးရဲ့ ရှင်းပြချက်ကို ဘယ်လို ရင်ဆိုင်ရမလဲ။ မိမိ သူ့ကို လုံးဝ ဖြုတ်ချတော့မှာလား။ ရင်ထဲက ဝေဒနာတွေက များလွန်းတော့ ဒါကိုတွေးပြီး မစစ်ဆေးချင်သေးပေ။


Note - ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း) ပြီးပါပြီ။ ဒုတိယပိုင်း ဆက်လာပါမယ်

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now