Vol 5🐉64🐉ဂူဖောက်မှတ်တမ်း

94 19 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (64)
ဂူဖောက်မှတ်တမ်း

မကြာသေးမီ နှစ်များအတွင်း နွေရာသီ အပူချိန်များက ပိုမိုမြင့်မားလာသော်လည်း ဟန်ကျိုးတွင် ရာသီဥတုသာယာနေသေးသည်။ အနောက်ကန်ကြီးတွင် "ရေသည် တောက်ပနေပြီး ကောင်းကင်သည် ကြည်လင်နေသည်" ဟူသော အနုပညာ အယူအဆကို ခံစားရဆဲဖြစ်သည်။

ဝူရှဲ့သည် ဆိုင်ထဲရှိ ဆိုဖာပေါ်ကို မှီ၍ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ စာရင်းပြုစုခဲ့သော အရာများကို ကြည့်လိုက်မိသည်။ ကောအာမုမှ ပြန်ရောက်သည်မှာ သုံးလကျော် ရှိပြီဖြစ်ပြီး နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည့် အရာသည် သူ့ရဲ့ သည်းခံနိုင်ရည်ထက် ကျော်လွန်သွားမည်ဟု တစ်ခါမှ မထင်ခဲ့ပေ။

ဒီသုံးလ အတွင်းမှာတောင် ဝူရှဲ့မှာ အိပ်မက်ဆိုးတွေကနေ ရုန်းမထွက်နိုင်သေးဘူး။ ဒါပေမဲ့ ငါတကယ် ရှင်းနိုင်ပါ့မလား။ ညတိုင်း အိပ်မက်တွေ မက်ပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်တွေကို အိပ်မက်မက်လေသည်။ အဲဒီလျှို့ဝှက်ချက်တွေကို ထုတ်ဖော်လိုက်တဲ့ အတွက် သူ့ရင်ထဲက စိတ်ပျက်စရာတွေက လျော့သွားပါ့မလား ဆိုတာ တကယ်ကို သံသယ ဖြစ်မိလာသည်။

တခြားသူများ ဖုံးကွယ်ရန် အပြင်းအထန် ကြိုးစားနေသော အရာသည် သူ မမြင်ချင်သော အရာသာ ဖြစ်ရမည်။ ထို့ကြောင့် အခြားသူများ၏ လျှို့ဝှက်ချက်များကို လိုက်ရှာခြင်းသည် လျှို့ဝှက်ချက်များကို သိရှိခြင်း၏ အကျိုးဆက်ကို ခံရလိမ့်မည်။

ကျန်းချီလင်ဆိုတဲ့ မျက်နှာသေတောင်မှ ဒီကံကြမ္မာက မလွတ်နိုင်ခဲ့ဘူး မဟုတ်လား။ သူရော ဘာလုပ်ရမလဲ။ သူ့လိုပဲ တစ်သက်လုံး နှလုံးသားထဲမှာ မေးခွန်းတွေ ပြည့်နှက်ကာ ဖုံးကွယ်ထားခဲ့တဲ့လူ ဘယ်နှစ်ယောက် ရှိမလဲ။ ဒါကို နောက်ဆုံးတော့ သူ သဘောပေါက်သွားပါ၏။

ဝူရှဲ့သည် ပြန်လာတော့လည်း ဘိုးဘိုးမှတ်စုတွေကနေ ရသမျှ အချက်အလက်တွေကို အခုချိန်ထိ တစ်စပြီးတစ်စ ရေးချခဲ့သည်။ သူလည်း ဦးလေးသုံးရဲ့ မျက်နှာဖုံးလိုပဲ အကြာကြီးဝတ်ထားရင် ချွတ်လို့မရတဲ့ နေ့တစ်နေ့ ရှိလာမယ်ဆိုတာ သိပါ၏။ အချိန်က တစ်ခုခုကို အမြဲပြောင်းလဲနိုင်မယ် ဆိုရင် အဲဒီနေ့ကို စောစော ရောက်လာနိုင်မယ်လို့ မျှော်လင့်မိသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now