Vol 4🐉32🐉ဂူဖောက်မှတ်တမ်း

132 21 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (32)
ဂူဖောက်မှတ်တမ်း

ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦး ထူးထူးဆန်းဆန်း အရာများကို ပြုလုပ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ခန်းဖြစ်သည်။ သူမ ဒီမှာနေခဲ့တယ် ဆိုကတည်းက သဲလွန်စတွေ​တော့ ချန်ထားခဲ့လိမ့်မယ်။ နည်းနည်းလေး သိနိုင်ရင် တချို့အရာတွေရဲ့ အမှန်တရားကို သူနားလည်နိုင်မှာပါ။

အသုံးမဝင်တဲ့ အချက်အလက်တွေတောင်မှ သူ့ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အဲဒီအချိန်က ဘယ်လို​ဖြစ်ခဲ့လဲဆိုတာ သိနိုင်ပါသေးသည်။ ဒီဆေးကုခန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူဘာမှမသိသောကြောင့် သဲလွန်စတွေ အားလုံးက သူ့အတွက် အရေးကြီးလေသည်။

ဝူရှဲ့ မြင်နိုင်သမျှ နေရာတွေကို စပြီး ရှာကြည့်လိုက်သည်။ ဤနေရာရှိ အဆောက်အဦများသည် အလွန်နိမ့်ကျပြီး သူ့ခန္ဓာကိုယ်မှာလည်း အလွန်ပင် အေးစိမ့်နေသည်။ သို့သော် မီးခြစ်သည် သူမြင်နိုင်တဲ့ အကွာအဝေးကို လင်းထိန်စေနိုင်သောကြောင့် ပို၍ထိရောက်မှုရှိသည်။ သို့နှင့် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ဘယ်နေရာက စတင်မလဲ ဆုံးဖြတ်ခဲ့သည်။

ဗီဒီယိုတိပ်၏ အဖြူအမည်း ခပ်ဝါးဝါးပုံထဲတွင် အခန်း၏ ရုပ်ပုံအပြည့်အစုံနှင့် အသေးစိတ် နေရာကို လွတ်လွတ်လပ်လပ် မမြင်နိုင်သော်လည်း ယခု သူလုပ်နိုင်ပြီ။ သူ မြင်လိုက်ရသော အရာများ ရှိပါက သူ့ရဲ့တွေးခေါ်မှုက ပို၍ ဥာဏ်ကောင်းလာတတ်သည်။ ဆံပင်ဖြီးနေတဲ့ ဟော့လင် အစစ်အမှန်ကို ပထမဆုံးမြင်ယောင်မိတာက တော်တော် ကြောက်စရာ ကောင်းတာမို့ အာရုံပြောင်းဖို့ ခေါင်းယမ်းလိုက်ရသည်။

လက်ထဲမှာရှိတဲ့ ဇစ်ပိုမီးခြစ်က ဆက်ပြီး တောက်လောင်နေနိုင်ပေမယ့် အပေါ်ကို ဆွဲကိုင်လိုက်ရင် ပူလွန်းလို့ ကြာကြာ ကိုင်ထားလို့ မရပေ။

အားနည်းနေတဲ့ မီးရောင်အောက်မှာ နံရံတွေကို အရင်ကြည့်လိုက်သည်။ ဒီအခန်းရဲ့ နံရံလေးဘက်ကို အဖြူရောင် ဆေးသုတ်ထားပြီး အခု ဖုန်မှုန့်တွေနဲ့ ဖုံးအုပ်ထား​လေ​​ပြီ။ တံခါးဘေးက နံရံမှာ အဝတ်ချိတ်ထားတဲ့ သစ်သားချောင်းတစ်ခုရှိသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now