Vol 6🐉26🐉မိုးရေထဲ ပြေးလွှား

113 18 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (26)
မိုးရေထဲ ပြေးလွှား

ဒီတစ်ကြိမ်မှာ သူ့ရဲ့ကြောက်စိတ်တွေကို နက်နက်ရှိုင်းရှိုင်း လုပ်ဖို့ ရည်ရွယ်ပြီး စကားတွေ အများကြီး ပြင်ဆင်ထားပေမယ့် ဘာမှတောင် မပြောလိုက်ရ ဖန်းမာတစ်ယောက် ပြိုလဲကျ​သွားပြီး သူ့ဝိညာဉ်ကို လုံးဝ ဆုံးရှုံးလိုက်ရသလို ဖြစ်သွားလေပြီ။

'အခြားသူများနှင့် တိုက်ခိုက်သည့်အခါ ၎င်းတို့၏ ချို့ယွင်းချက်များကို တိုက်ရိုက်တိုက်ခိုက်ပါ'

ဖန်းမာ၏ ချို့ယွင်းချက်မှာ သူ့နှလုံးသားထဲက ကြောက်ရွံ့မှု ဖြစ်သည်။ ဝူရှဲသည် သူ့ကို စိတ်ပိုင်းဆိုင်ရာ လုံးဝ ဖျက်ဆီးပစ်လိုက်မိပါသည်။ ဒါပေမဲ့ ထင်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာပါဘူး။ သူအရမ်းကြောက်လို့ တံခါးကို ကျိုးဖဲ့လုနီးပါး ထွက်ပြေးသွားချင်နေသည်။ အမှန်တော့ အဲဒီလူတွေကို နောက်တစ်ကြိမ် တွေ့တာထက် ကိုယ့်ကိုကိုယ်ပဲ သတ်​သေချင်နေလိမ့်မည်။

ဝူရှဲ သူ့ကို ဖြည်းဖြည်းချင်း ဖျောင်းဖျရင်း နောက်ဆုံးအထိ သူ ဒီကိစ္စကို ဖြေရှင်းရမယ်ဆိုတဲ့ အကြံဥာဏ်ကို ပေးခဲ့သည်။ မဟုတ်ရင် သူ့သားနဲ့ မြေးတွေ ကံမကောင်းဘဲ ဆင်းရဲနေရမည်ဟု အတင်းအကြပ် အယုံသွင်းခဲ့သည်။ အဲဒီအချိန်မှာ သူလည်း စိတ်ညစ်လာကာ သေဖို့ ရည်ရွယ်ချက်နဲ့ တောင်ပေါ်ကို လိုက်လာခဲ့တော့သည်။ ဝူရှဲအား ဘာကြောင့် တောင်ပေါ်ကို သွားရတာလဲ ဆိုတာကိုတော့ ဘာမှ မမေးသလို ဝူရှဲကလည်း မပြောပြခဲ့ပါ။

ဝူရှဲ့သည် ဖန်းမာအား သူနဲ့အတူ တောင်ပေါ်တက်ဖို့ တောင်းဆိုခဲ့ပေမယ့် တကယ်တမ်းတော့ ဝူရှဲ့ဟာ တောင်ပေါ် လမ်းလျှောက်တဲ့အခါ နောက်မှာပဲဖြစ်ဖြစ် ရှေ့မှာပဲဖြစ်ဖြစ် လက်လွှတ်စပယ် လျှောက်သွားတာမျိုးတော့ မရှိပါဘူး။

သူ့ကိုဒီလို မြင်လိုက်ရတော့ ဝူရှဲမှာ လေးလေးနက်နက် အပြစ်သွားရှိသလို ခံစားလိုက်ရသည်။ မူလက ကိုယ့်အကျိုးအတွက် ဒီလို အဘိုးအိုကို ကြောက်ဖို့ မတရားတဲ့ လုပ်ရပ်တစ်ခု လုပ်ခဲ့သလို ဒီလိုမျိုး အန္တရာယ်ရှိတဲ့ တောင်ပေါ်ကို လိုက်ဖို့ အတင်းအကြပ် ခိုင်းစေခဲ့သည်။ သူ့သွေးကြောထဲမှာ တကယ့် မိသားစုသွေးတွေ စီးဆင်းနေတာ ဖြစ်နိုင်ပါ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now