ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (27)
မိုးရေထဲက နတ်ဆိုးအရိပ်ထိုရုပ်ပုံများသည် တဖျပ်ဖျပ်ခတ်ကာ တစ်ခါတစ်ရံ ပေါ်လာတတ်သည်။ တစ်ခါတစ်ရံ မိုးရေထဲတွင် ပျောက်ကွယ်သွားပြန်၏။ ပထမတစ်ချက်တွင် သူတို့သည် လှုံ့ဆော်မှုတစ်ခုခု ပြုလုပ်ရန် အခွင့်အရေးကို စောင့်မျှော်နေကြသည့် အတိုင်းပင်။ မိုးကန့်လန့်ကာ အနောက်မှာ ရပ်နေတဲ့ သရဲအရိပ်လိုမျိုး ဒီလူအရိပ်တွေက လူကို ကျောချမ်းသွားစေသည်။
ဘာဖြစ်နေတာလဲ။ လူတွေအများကြီး ဘာလို့ဒီမှာ ရုတ်တရက် ပေါ်လာတာလဲ။
ဝူရှဲလည်း သူ့စိတ်ထဲမှာ အရင်က တွေးထားမိတာကို သတိရသွား၏။ ရွာထဲက တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် ဟန့်တားနေခဲ့သည်။ အခု နောက်ဆုံးတော့ သူတို့က လှုပ်ရှားလာပြီ။ ဒီလူတွေက သူတို့ကို ဒီမှာကြားဖြတ်ချင်နေတာ သိသာသည်။
တစ်ဖက်မှာ ရွက်ဖျင်တဲတွေ ဖြစ်ပြီး နောက်တစ်ဖက်မှာတော့ ကြားဖြတ်သူနဲ့ လူသတ်သမားတွေရဲ့ ကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါသည်။ ဒီတစ်ခါတော့ သေပြီ ထင်ပါရဲ့။ ဝူရှဲ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လူခုနစ်ယောက်လောက် ရှိနေတာ တွေ့ရသည်။ သူတို့ဘာလုပ်ချင်လဲ မသိ။ မိမိမှာတော့ ဒီမှာ ချောင်းမြောင်းနေရသလိုပဲ ဖြစ်နေသည်။
ဝူရှဲ့ မိုးရေတွေကို သုတ်ဖို့ သူ့မျက်နှာကို အကြမ်းပတမ်း သုတ်လိုက်ပေမယ့် မိုးက သည်းလွန်းတော့ မျက်ခွံတွေက တခဏချင်း မိုးရေတွေနဲ့ ဖုံးလွှမ်းသွားခဲ့သည်။ မြင်နေရတဲ့ လူအရေအတွက် ကိန်းဂဏန်းတွေက မှုန်ဝါးနေသေးပြီး ဘာလက်နက်တွေ ကိုင်ထားမှန်းလည်း မသိရသေးပေ။
ဖန်းမာ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ သူနှင့် ခပ်လှမ်းလှမ်းသို့ ရွေ့သွားလိုက်သည်။ ဖန်းမာကတော့ အရိပ်တစ်ခုဆီသို့ ပြေးသွားလေပြီ။ ပထမတော့ ဝူရှဲ တုန်လှုပ်သွားပေမယ့် သူ တွေးနေတာတွေကို ချက်ချင်း နားလည်သွားသည်။ ဒီလူတွေကို ဖန်းမာတစ်ယောက် အဲဒီတုန်းက လူတွေပဲလို့ ထင်နေပုံပဲ။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ