Vol 6🐉34🐉အရိပ်၏ မျက်နှာအစစ်

63 14 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (34)
အရိပ်၏ မျက်နှာအစစ်

လူပုံသဏ္ဌာန်ကို ကြည့်ပြီး နားမလည်နိုင်သော ရင်ခုန်သံများက နေရာအနှံ့က ထွက်လာသလိုပင် ခံစားလာခဲ့ရသည်။ ပထမတစ်ချက် ကြည့်လိုက်တော့ ဒါဟာ ကျောက်ရုပ်တစ်ရုပ်လို့ ခံစားမိပေမယ့် ပုံသဏ္ဍာန်က အသက်ဝင်လွန်းတာကြောင့် မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရပြီး တွဲလောင်းလူသားလိုပင် ထင်လာမိသည်။

ထိုခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ဤမျှထိတ်လန့်စရာ ကောင်းသော အရာတစ်ခုကို ထွင်းထုချင်တယ် ဆိုရင်တောင် တောင်ပိုင်းသား တောရိုင်း​ဒေသများတွင် လက်မှုပညာရှင် နတ်ဆိုးများစွာ ရှိသော်လည်း လက်တွေ့ကျကျ ထွင်းထုထားခြင်း မရှိပေ။

လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ အရာတွေ အများကြီးရှိလို့ ပေါ့ပေါ့တန်တန် မယူဝံ့ပေ။ ဒီအရာက အခုလေးတင် မီးစိမ်းပြလိုက်တဲ့ နေရာ ဖြစ်နိုင်သလို နေရာကလည်း မှန်သလိုပဲ။

ရေကူးပြီးတာနဲ့ လူပုံနားကို ဂရုတစိုက် ချဉ်းကပ်ကြည့်တော့ တစ်ဖက်မှာတော့ သူ့ရဲ့ ညာလက်ကို လက်ကောက်ဝတ်ကနေ အဖြတ်ခံထားရပြီး လက်တစ်ခုလုံး ပျောက်သွားတာကို တွေ့လိုက်ရသည်။ အစကတည်းက ဤကဲ့သို့ ပစ်ထားခြင်းမျိုး မဟုတ်ဘဲ ဖျက်ဆီးခြင်းခံခဲ့ရတာမျိုး ဖြစ်နိုင်၏။

ဝူရှဲ ခဏလောက် တုံ့ဆိုင်းနေပြီး သူ့ရဲ့မူလအရောင်ကို သိနိုင်ဖို့ စစ်ဘက်ဝတ်စုံပေါ်က အဖြူရောင် နုန်းတွေကို ဂရုတစိုက်နဲ့ ခြစ်ပစ်လိုက်သည်။

အပိုင်းတစ်ပိုင်းကို ခြစ်ထုတ်လိုက်တဲ့အခါ ဒီအရာဟာ အနက်ရောင်နဲ့ အနီရောင် ပန်းမျိုးစုံလို ဖြစ်ပေမယ့် တောက်ပမှု မရှိတဲ့အပြင် နက်နဲစွာ ရောထွေးနေခဲ့ပါသည်။ သူ့ခန္ဓာကိုယ်ရ မှိုနှင့် အနာလိုပါပဲ။ ဆက်လက် ခြစ်မိသောအခါတွင် အနက်ရောင်၊ အနီရောင်နှင့် မှိုများသည် မူလကသံချေးများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ဤအရာသည် အမှန်တကယ် သံနှင့်ပြုလုပ်ထားခြင်းဖြစ်​လေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now