Vol 5🐉58🐉စောင့်ဆိုင်းခြင်း

100 11 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (58)
စောင့်ဆိုင်းခြင်း

ရာဇပလ္လင်ပေါ်က ရုပ်အလောင်းကို အဝေးကကြည့်ရင် ဒါဟာ ရှီးဝမ်းမယ်တော်ရဲ့ ရုပ်အလောင်းပဲလားလို့ တွေးမိမှာပင်။ ဝူရှဲ့သည် ဒီလိုအခြေအနေမျိုးက်ု ကြုံဖူးတာ အကြိမ်ပေါင်းများစွာ ရှိပေမယ့် ဒီနေရာက အရမ်းဆိုးတယ်လို့ ခံစားရပြီး မြည်းနက်ခွာကို ထုတ်ဖို့ တစ်ယောက်ယောက်ကို ချက်ချင်း တောင်းဆိုချင်ခဲ့သည်။

ဖက်တီး: "ရှီးဝမ်းမယ်တော် မဖြစ်နိုင်ပါဘူး.... သူမကို အုတ်ဂူထဲမှာ မြှုပ်ထားတာပဲ ဖြစ်မယ်... ဒီမှာ လဲလျောင်းနေစရာ အကြောင်း မရှိဘူး ထိုင်​နေစရာလည်း အကြောင်းမရှိဘူး ကြည့်ရတာ ကျောက်တုံးရုပ်ကြီးလို့ ထင်ရတယ်ရော "

ဝမ်းကျင်: "ကျောက်လူသား ဆိုတာလည်း လုံးဝ မဖြစ်နိုင်ဘူး... ဒီနေရာက လူ့ရုပ်တုတွေကို ချထားစရာ အကြောင်း မရှိဘူးလေ... လူရုပ်တစ်ရုပ်ကိုတောင် တစ်လမ်းလုံး ငါတို့ မတွေ့ခဲ့ရဘူး... ဒီနေရာက အရမ်းလျှို့ဝှက်တော့ ရှီးဝမ်း ဘုရင်မရဲ့ သန့်ရှင်းတဲ့မြေပဲ.... ဒီလိုနေရာမျိုးမှာ ရုပ်တုကို ချထားတာက အရမ်း အရေးပါနေလိမ့်မယ်... ငါတို့ သတိထားရမယ်"

ဖက်တီး: "ဖန့်ကျစ်ရဲ့သေနတ် ပျက်သွားတာ သနားစရာဘဲ မဟုတ်ရင် ဒီအဝေးကနေ သူ့ကို ခေါင်းကို ပစ်သတ်လိုက်ရင် သူက လူလား တစ္ဆေလား သိရပြီ"

ဝူရှဲ့ကတော့ စိတ်ထဲမှ 'တစ္ဆေဖြစ်ရင် မင်း မသတ်နိုင်ဘူး ဒါပေမဲ့ လူဖြစ်ရင် မင်းလူသတ် ဖြစ်သွားလိမ့်မယ်' လို့ အော်ပြောလိုက်သည်။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ အဲဒီနေရာကို သွားရမှာဆိုတော့ လူလား တစ္ဆေလား သိရမှာပင်။ အဲဒီနေရာက ဥက္ကာခဲနဲ့ နီးတဲ့နေရာပဲလေ။ ဒါနဲ့ လူတွေကိုခေါ်ပြီး ကျောက်လှေကားထစ်တွေဆီ ဦးတည်သွားခဲ့သည်။

ဤနေရာတွင် စက်ယန္တရားများ  ဆောက်လုပ်ရန် အခြေအနေ လုံးဝ မရှိသောကြောင့် စိတ်အေးလက်အေး သွားလို့ရသည်။ ကျောက်လှေကားများကို အပြင်းအထန် ဖြိုခွင်းပြီး နှစ်ဖက်စလုံးတွင် မီးထွန်းရန်အတွက် အသုံးပြုနိုင်သည့် ကြေးမီးတိုင်များကို အလှဆင်ခြင်း အဖြစ် လုံးလုံးလျားလျား ချယ်လှယ်ထားသည်။ ဖက်တီးက သူ့ကျောပိုးအိတ်ထဲမှာ တစ်လုံးကို တပ်ဆင်ချင်ခဲ့သော်လည်း ထိလိုက်တာနဲ့ ကွဲသွားလေသည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now