ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)Chapter (30)
သဲလွန်စပိုပိုပြီး ထူးဆန်းလာသလို ခံစားရလေသည်။ ဒီမှာ လျှို့ဝှက်တံခါးတစ်ခု ရှိထားပေမယ့် တစ်စုံတစ်ယောက်က အဲဒါကို ပိတ်ဆို့ဖို့ အဖုံးအဖြစ် အောက်ခံပြားပါတဲ့ ဗီရိုကို အသုံးပြုခဲ့သည်။ ဒီဗီရိုကို ဖွင့်ထားသရွေ့တော့ သူ့နောက်ကျောမှာ ရှိတဲ့ လျှို့ဝှက်တံခါးကို တွေ့ရမှာပဲ။ ဒီနည်းလမ်းက သိပ်ပြီး လိမ္မာပါးနပ်မှု မရှိပေမယ့် အားသာချက်ကတော့ တပ်ဆင်ရလွယ်ကူပြီး အဝင်အထွက် လွယ်လေသည်။
ဒါပေမဲ့ ဒီပုံစံက ဘယ်လိုလုပ် ဖြစ်လာတာလဲ။ ဒီအခန်းက သိပ်မရိုးရှင်းဘူး ထင်ပါရဲ့။ အရင်က ဘာအတွက် သုံးတာလဲ။ ဒီဘိလပ်မြေလှေကား အောက်မှာ ဘယ်လိုနေရာမျိုး ရှိနေတာလဲ ဆိုတဲ့ အတွေးတွေက ဝူရှဲ့ခေါင်းထဲ ခဏအတွင်း စုပြုံကာဝင်လာခဲ့သည်။
လက်ထဲက သော့ကို ကြည့်လိုက်တော့ တစ်ဖက်လူဟာ ဒီလျှို့ဝှက်တံခါးကို ရှာစေချင်တာကြောင့် ဒီနံပါတ်နဲ့ အခန်းသော့ကို ပို့ပေးခဲ့တာမှန်း သဘောပေါက်လိုက်၏။ ဒါကြောင့် အောက်မှာ အဖြေတစ်ခု ရှိသင့်ပါသည်။ ဝူရှဲ့ ခေါင်းထဲက ချွေးအေးတွေကို သုတ်လိုက်ပြီး ဗီရိုထဲကို လှမ်းဝင်ကာ လျှို့ဝှက်တံခါးပေါက်ထဲကို ရောက်သွားခဲ့သည်။ ဝင်ဝင်ချင်း ထူးဆန်းတဲ့ အနံ့အသက်တစ်ခု ထွက်လာသည်။
အပြင်းထန်ဆုံး ရနံ့ကို ဖြတ်ကျော်ဖို့ ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်ပြီး အရင်ဆုံး ကျင့်သားရအောင် လုပ်လိုက်သည်။ ထို့နောက် မီးခြစ်ကို သုံး၍ အောက်ကို ကြည့်လိုက်ရာ လှေကားထစ်များသည် အောက်ခြေ မရှိသည့်အတိုင်းပင်။ အကွေ့အကောက် များကာ ရှည်လျားနေတာ သိသာထင်ရှားသည်။
လှေကားထစ်အောက်ကို ကြည့်မိလိုက်တဲ့အခါ မိမိဘာသာ သန်းခေါင်ကျော်ကြီး သရဲခြောက်တဲ့ အိမ်ထဲမှာ ရောက်နေရသလို ခံစားသွားရသည်။ မသိလိုက်တဲ့ အချိန်မှာ တစ်ယောက်တည်း အမှောင်ချထားတဲ့ လျှို့ဝှက်လမ်းထဲ ရောက်နေသလိုပင်။ ထို့ကြောင့် နည်းနည်းတော့ ကြောက်လာသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorreurVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ