Vol 4🐉49🐉အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၁)

145 22 4
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)

Chapter (49)
အိုအေစစ်ကို ဦးတည်ခြင်း (အပိုင်း ၁)

သူတို့အရှေ့က မြင်ကွင်းဟာ အရမ်းကြီးကျယ် လွန်းတာကြောင့် စကားလုံးတွေ ထုတ်ဖော်မပြနိုင်လောက်အောင်ပါပဲ။ ဝမ်းကျင်က သူ့မှတ်စုထဲမှာ ဒီလိုအိုအေစစ်အကြောင်း ပြောထားခဲ့ပေမယ့် ဝူရှဲ့အတွက် သူ့စိတ်ထဲမှာတော့ ဒီလိုမျိုး မဟုတ်ချေ။

ရေကန်ကြီးက အလွန်ကျယ်ပြီး သပ်ရပ်ပုံရသည်။ ချောက်ကမ်းပါးအောက်ကို ငုံ့ကြည့်လိုက်ရင် အောက်ဖက်မှာ ဖြည်းညှင်းစွာ လွင့်ပျံနေတဲ့ မီးခိုးငွေ့တွေ၊ သစ်ပင်တွေ ထူထပ်တဲ့ သစ်ပင်ထိပ်ဖူးတွေ အားလုံးနီးပါးကို မြင်ရပြီး မြေကြီးပေါ်က အခြေအနေကိုတော့ အတိအကျ မမြင်နိုင်ချေ။

ဒါက ထမုထို ဖြစ်မယ်။ မမျှော်လင့်ဘဲ သူတို့ရှာတွေ့ခဲ့တဲ့ ပုံစံက အနည်းငယ် ရိုးရှင်းပုံရသည်။ ဖန့်ကျစ်က ကားထဲ​ပြန်လှည့်ကာ ရေကန်ထဲကို မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။

ဖန့်ကျစ်က ဆို၏။

"တင့်ကျူကျောမာနဲ့ ဝမ်းကျင်တို့ လမ်းခွဲလိုက်တုန်းက တွေ့ခဲ့တဲ့ ကျောက်တောင်က တကယ်ပျောက်ကွယ်သွားပုံပဲ... ယန်ကိုက်ဧရိယာထဲက ကျောက်ဆောင်တောင်ကြီး ဖြစ်နိုင်တယ် ဆယ်စုနှစ်များစွာ မိုးရွာပစ်တော့ ဖုန်အိတ်တစ်ခုပဲ ကျန်တော့တာ... ဒါကြောင့် မြစ်ရဲ့ လမ်းညွှန်ချက်အတိုင်း ရှာလို့ရသွားတာ..."

ဝမ်းကျင်က သူ့မှတ်စုတွေမှာ မရေးထားတာကြောင့် မသိနိုင်ပေမယ့် အခု ဒီအိုအေစစ်ကို ရှာတွေ့တော့ နည်းနည်းတော့ စိတ်ရှုပ်သွားတဲ့အတွက် ဖန့်ကျစ်ကိုပဲ အစီအစဥ်က ဘာလဲဆိုတာ မေးလိုက်သည်။

ဖန့်ကျစ် အရင်ဆင်းပြီး သွားကြည့်မယ်လို့ ပြောလေသည်။ ဝူရှဲ့ဆီက မှတ်စုနဲ့ တင့်ကျူကျောမာဆီက စကားမက်ဆေ့ချ်ကို ကြားပြီးနောက် ချန်ဝမ်းကျင်က သေချာပေါက် ဒီအောက်မှာ ရှိနေရမယ်လို့ ဆိုလေသည်။ ဒါကြောင့် သခင်သုံးကို စောင့်လို မဖြစ်တော့ချေ။ တိုက်ရိုက်ပဲ ​အောက်ဆင်းပြီး အခြေအနေကို ကြည့်ရတော့မည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now