ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - HninthawethadarChapter (44)
ဒီနေရာက ကျောက်တုံးတွေ"ဘာလို့ဒီလို ပြောရတာလဲ"
ဝူရှဲ ပြန်လှည့် မေးပြီးတာနဲ့ မျက်နှာသေရဲ့ စကား အဓိပ္ပာယ်ကို နားလည်သွားသည်။
တစ်နည်းအားဖြင့် သူတို့သည် ကျောက်တုံးများထဲက အရာများနှင့် တူညီသော အခြေအနေတွင် ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့၏ နေရာသည် သေးငယ်ကာ ကျောက်တုံးများကြားတွင် ပိတ်မိနေပါက ထိုပုံပြင်ထဲက ကျောက်တုံးများထဲတွင် နေထိုင်သည့် ထူးဆန်းသော ငါးများကဲ့သို့ပင် ဖြစ်နေလိမ့်မည်။ တို့နှစ်တွေ ကြာလာတဲ့အခါ သူတို့ကို ရှာဖွေတွေ့ရှိခဲ့ရင် သူတို့ဟာ သေချာပေါက် အသက်ရှင်နေမလား သေမလား မသိရဘဲ ထူးဆန်းတဲ့လူ ဖြစ်သွားမှာ မဟုတ်ပါလား။
ဒါကိုတွေးပြီး ဝူရှဲလည်း အံ့သြထိတ်လန့်သွားသလို ခံစားလိုက်ရတာကြောင့် ဇတ်ကနဲ ပြန်ပြော၏။
"ဒါက နည်းနည်းတော့ ကွဲပြားနေပါသေးတယ်... အနည်းဆုံးတော့ ကျွန်တော်တို့မှာ လှုပ်ရှားမှုဖို့အတွက် နေရာကျယ်ကျယ် ရှိတယ် အခုထိလည်း အသက်ရှင်နေသေးတယ်.... ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ အဆုံးမဲ့ ဖြစ်နိုင်ချေတွေ ရှိသေးတယ်"
မျက်နှာသေက အေးဆေးတည်ငြိမ်စွာ ပြောသည်။
"အဲဒါကို ငါဆိုလိုချင်တာ မဟုတ်ဘူး"
ဝူရှဲ 'အာ....' ဟူသော အသံဖြင့် အံသြဆွံ့အသွားသည်။ သူနဲ့ ပြတ်ပြတ်သားသား နားလည်မှု ရှိတယ်လို့ အမြဲခံစားခဲ့ရပေမယ့် ဒီနေရာမှာတော့ သူ့အကြံဥာဏ်တွေကို ဝူရှဲ လိုက်မမှီနိုင်တော့ပါဘူး။ သူက မိမိထက် အများကြီး ပိုမြန်မြန်ဆန်ဆန် တွေးနိုင်ပုံရသည်။
ဝူရှဲ: "ခင်ဗျားမှာ အကြံဥာဏ်တွေ ရှိသေးလား... ပြောစမ်းပါဦး"
သူက ဝူရှဲကို ကြည့်ပြီး "အဲဒီလို မိုင်းတွင်း မတူးထားရင် အခု ငါတို့ ဘယ်ရောက်မယ်ဆိုတာ တွေးဖူးလား"
ဝူရှဲ ခဏလောက် စဉ်းစားကြည့်တော့ ဦးနှောက်က နည်းနည်း နှေးသွားတယ်လို့ ခံစားလာရသည်။ သူဘာကိုဆိုလိုသလဲ ဆိုတာကို ဝူရှဲ နားမလည်သေးပေမယ့် ဖက်တီးရဲ့ မျက်နှာကတော့ ချက်ချင်းဖျော့သွားပြီး "Fuck!" ဟုပင် ကျိန်ဆဲလိုက်၏။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6
HorrorVolume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ Volume 4 အစကို ရှေ့ book မှာ ဖတ်ပေးပါ