Vol 6🐉32🐉မီးစိမ်း

57 10 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (32)
မီးစိမ်း

ဝူရှဲသည် ကိုယ်ခန္ဓာ၏ ပထမဆုံးဗီဇကို အားကိုးကာ တုံ့ပြန်မှုတစ်ခုအဖြစ် လှည့်ကြည့်မိသည်။ အိမ်ရှေ့ခန်းမ၏ နောက်ဘက်တံခါးမှ တဆင့် ဟင်းလင်းပြင်နှင့် ဆန့်ကျင်ဘက်ရှိ ခန်းမနောက်ဘက်တွင် ထူးဆန်းသော အစိမ်းရောင် မီးအလင်း ထွန်းလင်းနေသည်ကို တွေ့နိုင်သည်။ 

ပျက်စီးယိုယွင်းနေသော ထွင်းထုထားသည့် ပြတင်းပေါက်များမှတဆင့် ထိုအလင်းရောင်သည် လင်းလက်နေပြီး ရေထဲတွင် မှုန်ဝါးဝါး ပျံ့လွင့်နေသည်။ မီးစိမ်းပြတာက အရင်ကလို အရမ်းထူးဆန်းနေတုန်းပါပဲ။

ယခု သူတို့သည် အလွန်နီးကပ်လာသည်နှင့်အမျှ အလင်းထဲတွင်ပင် မမြင်နိုင်လောက်တဲ့ တုန်လှုပ်ချောက်ချားမှု တချို့ကို ခံစားလာရနိုင်ပေသည်။ ဤတုန်လှုပ်မှု ခံစားချက်မျိုးသည် ဟင်းလင်းပြင် တစ်ခုလုံး ပြာသွားကာ အခြားနေရာတစ်ခုသို့ ရုတ်တရက် ဝင်ရောက်သွားသကဲ့သို့ ခံစားရစေပြီး သူ့ကိုယ်သူ သရဲတစ္ဆေနယ်မြေထဲ ရောက်သွားတယ်လို့ပါ ခံစားရစေလေသည်။

ဝူရှဲ့ တံတွေးတစ်လုတ်ကို မျိုချလိုက်စဥ် တစ်ကိုယ်လုံးက အေးစက်နေပါပြီ။ နှလုံးသားထဲက ကြောက်စိတ်တွေက ဖော်မပြနိုင်လောက်အောင် ဖြစ်နေပြီး ဦးနှောက်တောင် ကောင်းကောင်း အလုပ်မလုပ်ပါဘူး။ လာရမယ့်အရာက လာနေပြီ။ မလုပ်ချင်ရင်တောင် အတွေးထဲက ဖျောက်လို့မရဘူး။

ဝူရှဲ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး နောက်ဖေးခန်းမကို ချဉ်းကပ်လာခဲ့သည်။ ဒီကို ရောက်ကတည်းက ဒီအခြေအနေကို ကြိုမြင်မိခဲ့ပြီးသားမလားလို့ ကိုယ့်ကိုယ်ကို ပြောမိသည်။ အရင်ကလည်း အလားတူအခြေအနေမျိုးတွေ အများကြီး ကြုံဖူးတယ်လေ။ အမြဲတမ်း လုံခြုံခဲ့တယ်မဟုတ်လား။ ဒီအချိန်ဟာလည်း အရင်ကထက် ပိုကြောက်စရာကောင်းတယ်လို့ မထင်ပါဘူး။

အိမ်ရှေ့ ခန်းမကနေ နောက်ခန်း တံခါးနဲ့ ဟင်းလင်းပြင်ကို ခြေလှမ်းနှစ်ဆယ်အောက်သာ လျှောက်လှမ်းရသည်။ ခန္ဓာကိုယ်က တောင့်တင်းနေလို့လား ဒါမှမဟုတ် အချိန်မှားနေလို့လား မသိပေမယ့် ငါးလှမ်းပြည့်အောင် လျှောက်ဖို့ မိနစ်နည်းနည်း ကြာနေသယောင်ပင်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now