Vol 6🐉20🐉ရေကန်အောက်သို့

27 7 2
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (20)
ရေကန်အောက်သို့

သူတို့ထဲမှာ မျက်နှာသေ၊ ဖက်တီးနဲ့ ဝူရှဲ့က နည်းနည်းတော့ ရေကျွမ်းကြသည်။ အားကွေ့က ရေကူးတတ်ပေမယ့် များသောအားဖြင့် သူတို့က ချောင်းတွေထဲမှာနေပြီး အချိန်အကြာကြီး ရေငုပ်တတ်တဲ့ အလေ့အထ မရှိတဲ့အတွက်ကြောင့် အကူအညီ သိပ်မဖြစ်မှာကို ကြောက်ရသည်။ ယွင်ချိုင်က ရေငုပ်အား အရမ်းကောင်းပေမယ့် သူမမှာ ရေကူးဝတ်စုံ မရှိပေ။ သူမကို စွပ်ကျယ်လေးနဲ့ ရေငုပ်ခိုင်းဖို့ အဆင်မ​ပြေဘူး မဟုတ်ပါလား။

အသက်ဘယ်လောက်ကြာကြာ ထိန်းထားနိုင်တယ်ဆိုတာ ပြောဖို့ခက်ပါသည်။ အဆုတ်ကြီးတဲ့ လူက ရေထဲမှာ ငါးမိနစ်ကြာအောင် အသက်ရှုနိုင်တယ်လို့ ပြောကြပေမယ့် အရမ်းကြီး ရေအောက်ကို ငုပ်လာတဲ့အခါ ခံစားရတဲ့ ဖိအားက အများကြီးပင့။ ယေဘူယျအားဖြင့် အသက်ကို သုံးမိနစ်လောက်သာ ထိန်းထားနိုင်ကာ ဒီအကြောင်းအရာက ဟာသ မဟုတ်ချေ။

ရေထဲဆင်းတဲ့အခါ ရေတိမ်တဲ့ နေရာမှာ အရင်ဆုံး သေချာစမ်းသပ်ရမှာဖြစ်ပြီး ပြဿနာက ရေယက်တွေ မပါတဲ့အတွက် ရေငုပ်ရတာ နှေးကွေးမယ်လို့ ဖက်တီးက ပြောပါသည်။ အောက်ခြေသို့ မရောက်မီတွင်ပင် လေကုန်သွားနိုင်သည်။

ဒါကိုတော့ ဝူရှဲ့လည်း ထောက်ခံတာကြောင့် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ အလွတ် ရေငုပ်တာဟာ လက်ဗလာနဲ့ လုံးဝ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရှီးရှားမှာရှိတုန်းက ရေလုပ်သားတွေက ပြောပြခဲ့ဖူးသည်။ ရေနက်ပိုင်းအထိ ရေငုပ်ခဲ့တဲ့အခါ အရေးကြီးဆုံးအရာက စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ဖြစ်သည်။

အထူးသဖြင့် ရေငုပ်သမားတွေ အားလုံးက ယောဂကျင့်ကြံ လေ့ကျင့်ထားသလို ဖြစ်ရမယ်လို့ ရေငုပ်သမား တော်တော်များများကလည်း ပြောဖူးပါ၏။ ရေနက်ပိုင်း၌ ပတ်ဝန်းကျင်သည် မည်းမှောင်နေလို့ ထိုအချိန်တွင် လူတိုင်း မသိစိတ်ကြောင့် ထိတ်လန့်သွားကြမည်။  ထိတ်လန့်နေချိန်တွင် ရေအောက်တွင် ငြိမ်သက်မနေနိုင်ဘဲ အလွယ်တကူ စိတ်ထိခိုက်သွားနိုင်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now