Vol 6🐉40🐉ပိတ်ထားသောနေရာ

68 10 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (40)
ပိတ်ထားသောနေရာ

မျက်နှာသေပင် ယခင်ကနှင့် မတူတော့ဘဲ အနည်းငယ် ထူးဆန်းနေပါသည်။ သူ့ပုံစံကြောင့် ဝူရှဲ နည်းနည်း စိတ်ပူလာ၏။ မျက်နှာသေက ပြောလာသည်။

"ငါ့မှာ ဘာသဲလွန်စမှ မရှိဘူး... ဒါပေမဲ့ ဒီကိစ္စက အစောကမှ စ​ဖြစ်နေပြီ ဆိုတာတော့ သေချာတယ်"

ဤအလွန်ထူးဆန်းသော လေထုထဲတွင် မျက်နှာသေနှင့် ဖက်တီးတို့ဆီက အလွန်ရှုပ်ထွေးသော ဇာတ်လမ်းတစ်ပုဒ်ကို ကြားရလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း မထင်မှတ်ဘဲ အလွန်ရိုးရှင်းသော အရာကိုသာ ပြောပြခဲ့သည်။

ဝူရှဲ ထွက်သွားပြီးနောက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော် မျှော်လင့်ထားသလိုပါပဲ။ သူတို့က အားကွေ့ ယူလာတဲ့ ရိုးရှင်းတဲ့ ကိရိယာကို အသုံးပြုပြီး ပစ္စည်းတွေကို ဆယ်ယူနိုင်ဖို့ စတင်ခဲ့သည်။

ဝူရှဲ ပြန်လာချိန်၌ တွေ့ခဲ့သော ကျောက်တုံးကြီးပေါ်မှ အရိုးများကို သစ်ကိုင်းများ​ကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသည် ဆိုက်ဖွန်ဒီရေနှင့် ဆက်နွှယ်နေသည်ဟု ယူဆခဲ့သည်။ လူသေကောင်ကြီးများမှာ နောက်ဆုံးတွင် သစ်ကိုင်းများတွင် ပိတ်မိသွားကာ ရေထဲသို့ ပစ်ချခဲ့သည့် ကိရိယာများလည်း အခြားတစ်နေရာ၌ ရှိနေကြောင်း သိလိုက်ရသည်။

အဲဒီနောက် ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတာကို တွေ့လိုက်ကြရသည်။ မပျောက်ခင် နောက်ဆုံး ရေထဲသွားတုန်းက ဖက်တီးက ပထမဆုံးလူပင်။ ထိုအချိန်တွင် သူသည် ပေါ်လာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ဓာတ်မီး၏ အကွာအဝေးအတွင်း မှိတ်တုတ်မှိတ်တုတ် တစ်စုံတစ်ရာကို တွေ့ရတဲ့အခါ ပထမတော့ သတ္တုတစ်မျိုးဟု ထင်လိုက်သည်။

ရေထဲသွားရတဲ့ ရည်ရွယ်ချက်က အရာဝတ္ထုတွေကို ယူဖို့ပဲ မဟုတ်လား။ ဒါကြောင့် တွေ့လိုက်တာနဲ့ ချက်ချင်းဆိုသလို သဘာဝအတိုင်း စွဲစွဲလန်းလန်း ကူးခတ်သွားတဲ့အခါမှာတော့ ကျောက်တုံးကြီးတွေသာ တွေ့ရလေ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now