Vol 5🐉72🐉ဓာတ်ပုံ ဖိုင်တွဲ

81 13 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (72)
ဓာတ်ပုံ ဖိုင်တွဲ

သူ့ကြောင့် ဝူရှဲ့တို့ လန့်ဖျပ်သွားပြီး အလွန်လည်း စိုးရိမ်သွားသည်။

ဝူရှဲ့: "ဘာဖြစ်နေတာလဲ?"

သူက မျက်မှောင်ကြုတ်ပြီး သေတ္တာကို အကြာကြီးကြည့်ရင်း ပြောလာသည်။

"မဖွင့်နဲ့... ငါ့ခံစားချက်တွေ မကောင်းဘူး"

ဝူရှဲ့: "ခင်ဗျား ဘာမှတ်မိသေးလဲ? ဒီသေတ္တာကို ဖွင့်လို့မရဘူး ဆိုတာကို မှတ်မိ​​နေတာလား?"

မျက်နှာသေက ခေါင်းညိတ်ပြသည်။

"မသိဘူး.... အရမ်းဆိုးတဲ့ ခံစားချက်ပဲ ရှိတယ်။ ဒီသေတ္တာကို ဖွင့်လိုက်ရင် တစ်ခုခု ဖြစ်သွားလိမ့်မယ်"

ဝူရှဲ့ သူ့မျက်နှာကို ကြည့်လိုက်တော့ သူက အေးစက်စက် ချွေးတွေ ထွက်လာတာကို တွေ့လိုက်ရလေရာ ဝူရှဲ့လည်း မနေနိုင်တော့ပေ။ သူကိုယ်တိုင်လည်း ကျောပြင်ပေါ်မှ ချွေးအေးတွေ မထွက်လာအောင် ကိုယ့်ကိုကိုယ် ကူညီပေမယ့် သူက ဒီသေတ္တာထဲမှာ ဗုံးတစ်လုံး ပါနေတာလား ဆိုတဲ့ အတွေးက မတွေးဘဲ မနေနိုင်အောင်ပင်။ ဖက်တီးလည်း သေတ္တာကို ဖွင့်တော့မယ့်လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။

ဖက်တီး "အစ်ကိုလေး မင်းငါ့ကို မခြောက်နဲ့နော်... မင်း ဘာမှတ်မိသေးလဲ"

မျက်နှာသေသည် အနည်းငယ် နာကျင်သွားသလို ခေါင်းခါလိုက်ရင်း။

"ဒီခံစားချက်ကို မပြောပြတတ်ဘူး"

ဖက်တီးက သူ့လျှာကို ကိုက်လိုက်သည်။

"ဒီသေတ္တာကို သာမန်နည်းနဲ့ မဖွင့်ဘဲထားရင် ဖြစ်လား...အတွင်းထဲမှာ ယန္တရားတစ်ခု ပါနေလို့လား အဲဒါကို ဒီလိုမျိုး ဖွင့်လိုက်ရင် အဆိပ်ရှိတဲ့ အပ်တစ်ချောင်းကို ပစ်ထုတ်လိုက်မှာလား ဒါမှမဟုတ် အဆိပ်တွေ ထွက်လာမှာလား"

ဝူရှဲ့လည်း ဒါက ဖြစ်နိုင်ချေရှိတယ်လို့ တွေးမိသည်။ မျက်နှာသေက ယန္တရားတွေအပေါ် နားလည်မှု အလွန်ကောင်းသည်။ နောက်ပြီး ဤသံသေတ္တာကို သူပိုင်ပြီး အလွန်အရေးကြီးသော အရာတစ်ခုလည်း ပါ၀င်နိုင်သည်။ ယန္တရား လှည့်ကွက်တစ်ခု ရှိနေတာကို မသိခဲ့ပါက ကြီးမားသော အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သည်။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now