Vol 6🐉52🐉အရမ်းတူတဲ့ရွာ

69 11 0
                                    

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar

Chapter (52)
အရမ်းတူတဲ့ရွာ

ပါးနိုင်သည် အားကွေ့နှင့် တခြားသူများ နေထိုင်ရာ ရွာဖြစ်​ပြီး ၎င်းကပုံမှန် ယောင်ရွာဖြစ်သည်။ သို့သော် ဝူရှဲတို့သည် ထိုနေရာတွင် ရက်အနည်းငယ်သာ နေထိုင်ခဲ့သောကြောင့် ရွာ၏မြေမျက်နှာသွင်ပြင်ကို မသိရှိခဲ့ပါ။ ယွင်ချိုင်က ဒီလိုပြောလာတော့ ဝူရှဲလည်း အရမ်းအံ့သြသွားရသည်။

ဖက်တီးက: "ဘယ်လိုပုံစံတူတာလဲ... မင်းတို့ရွာတွေက အတူတူတွေချည်းပဲ မဟုတ်ဘူးလား"

ယွင်ချိုင်လည်း တပ်အပ် မဆိုဝံ့သောကြောင့် အားကွေ့ထံသို့ ဓာတ်ပုံကို အပ်လိုက်ပြီး ဆို၏။

"အဖေ ကြည့်စမ်းပါဦး"

အားကွေ့ ကြည့်ပေမယ့် ပုံရဲ့ ဦးတည်ရာကို ပြောင်းလဲသွားပုံရပြီး ခဏအတွင်း အတည်မပြုနိုင်ပေ။ ယွင်ချိုင်က သူ့ကို ဒေသဘာသာစကားနဲ့ စကားအနည်းငယ် ပြောပြီးနောက်မှသာ အားကွေ့လည်း ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းကုတ်လိုက်ပါ၏။

"ဟေး... ဒါက နည်းနည်းတော့ တူတယ်"

ဝူရှဲ စိတ်ဝင်စားသွားသည်။ နောက်ဆုံးတော့ သူတို့က ဒေသခံတွေ မဟုတ်​ကြဘူးလေ။ ဒါကြောင့် မျိုးဆက်ပေါင်းများစွာ ဒီမှာနေခဲ့တဲ့ လူတွေလောက် အသေးစိတ် အချက်အလက်တွေကို နားမလည်နိုင်ဘူး။ ပြီးတော့ ဒီမိန်းကလေးက အရမ်းသတိထားတာကြောင့် ဝူရှဲတို့ကို ထောက်ပြနိုင်ခဲ့သည်။

မူလက ရေကန်ထဲက တောင်ကုန်းတွေက ပါးနိုင်နားက တောင်တွေနဲ့ အရမ်းဆင်တူတာကြောင့်ရော ရေထဲကရွာက အပြင်ကရွာမှာရှိတဲ့ အဆောက်အဦတချို့နဲ့ ဆင်တူပေမယ့် ယွင်ချိုင် ပြောလိုက်တာနဲ့ ဝူရှဲခမျာ အသက်ရှုကြပ်သွားရ၏။

ယွင်ချိုင် ညွှန်ပြခဲ့သော အရာက ဆင်တူယိုးမှားများ ဖြစ်နိုင်သည့် လမ်းများနှင့် ခြံစည်းရိုးများ ဖြစ်သည်။

ဒီပုံကို သူမ ပထမဆုံးကြည့်မိတဲ့ အချိန်က ဝူရှဲဆွဲထားတဲ့ "ကန်အောက်ခြေက ရှေးဟောင်းရွာ" မှာရှိတဲ့ လမ်းတွေနဲ့ ခြံစည်းရိုးတွေက သူတို့ရွာနဲ့ အတူတူပါပဲလို့ ပြောပြသည်။ ဒါတွေက သူမအား ကွဲလွဲနေတာကို သတိပြုမိ​စေပြီး ရွာရဲ့ တခြားနေရာတွေမှာ အလွန်ဆင်တူတဲ့ နေရာတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရ၏။

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) Vol 4 & 5 & 6Where stories live. Discover now